EIE 4

5.2K 437 8
                                    

Unicode

စံအိမ်မှာ Drinking Party ရှိနေတာကြောင့် ရိပေါ်လည်း အနောက်စားဖိုဆောင်ထဲမှာ ကူလုပ်ပေးနေရသည်။ တကယ်က ဝန်ထမ်းတွေက သူ့တာဝန်နဲ့သူ လုပ်နေကြပြီးသားဖြစ်သည်။ party လုပ်မည်ဆိုတာသိလို့ အနောက်က ကိုယ့်အခန်းလေးထဲမှာပဲ နေနေတဲ့ ရိပေါ်ကို ရှောင်းကျန့်က တမင် ခေါ်ခိုင်းပြီး ကူလုပ်ခိုင်းနေခြင်းဖြစ်သည်။

"လူလေး ထိုင်နေပါ။ သူတို့ဖာသာလုပ်သွားလိမ့်မယ်။ နည်းနည်းပါးပါး အမြင်မတော်ဘူးထင်ရင် ကြည့်ပြောလိုက် ဘာမှမလိုဘူး။ သူတို့က လုပ်နေကျ တွေ"

ဦးလေးကျန်းက ရိပေါ်ကိုယ်တိုင် အစားအစာတွေပြင်ဆင်ပေးနေလို့ အားနာနေပုံဖြင့် ထိုင်နေဖို့ ပြောနေသည်။

"ဟုတ်တယ် အစ်ကိုလေးရိပေါ်။ ဒီအတိုင်းလေးပဲထိုင်နေပြီး ကျွန်တော်တို့ကို စကားပြောပေး။ အစ်ကိုလေးကိုကြည့်ပြီးကို အမောပြေတယ်။"

ရင်းနှီးနေပြီဖြစ်တဲ့ ရှောင်းစံအိမ်ရဲ့ဝန်ထမ်းလေးတွေစကားကြောင့် အားလုံးက ရယ်လိုက်ကြသည်။ ဝန်ထမ်းလေးတွေက စံအိမ်ကို အမြဲလာရသည်မဟုတ်ဘဲ လိုအပ်မှသာ အိမ်ကြီးမှာ လာလုပ်ပေးရသည်။ ရိပေါ်လည်း ဒီမှာနေတာ ၃ လ လောက်ရှိပြီဆိုတော့ ရင်းနှီးနေကြပြီဖြစ်သည်။

စားဖိုဆောင်ထဲ ရုတ်တရက်ဝင်လာသည့် ခြေသံကြောင့် ရယ်နေသံများ တိခနဲရပ်သွားကြလေသည်။ အားလုံး ဘာစကားမှမပြောကြတော့ဘဲ ကိုယ့်အလုပ်ကိုယ်သာ ကုန်းလုပ်နေကြသည်။ ရိပေါ်လည်း ထိုင်နေရာမှ ထ ရပ်လိုက်ရသည်။

"ဝမ်ရိပေါ်... drink cart နဲ့ လိုက်လာပြီး drink တွေ နေရာချပေး"

ရိပေါ်မျက်နှာပျက်သွားသည်။ စီးပွါးရေးလောကမှာ ဝမ်လုပ်ငန်းစုကို သူများထံ လက်လွှဲလိုက်ရပြီးကတည်းက လူမြင်ကွင်းမထွက်ဘဲနေလာတဲ့ ရိပေါ်မှာ ရှောင်းကျန့်စကားကြောင့် တုန့်ဆိုင်းဆိုင်း ဖြစ်နေသည်။

"ကျွန်တော် လုပ်လိုက်..."

"မင်းကို အလုပ်ဖြုတ်တယ် အခုထွက်သွားလိုက်တော့"

"ဟင်..."

ရိပေါ်ကိုယ်စားလုပ်ပေးရန် ဝင်ဖြေပေးသည့်ကောင်လေးမှာ ကျောက်ရုပ်လို ဖြစ်သွားပြီး ငိုမလိုဖြစ် သွားလေသည်။ ရိပေါ်မှာ မနေသာတော့ဘဲ ရှေ့ထွက်လိုက်ရင်း

Entangled in Enmity (မာနတို့ဖြင့် ရက်သီထားသော)Where stories live. Discover now