Part 1
အမြတ်နိုးဆုံးဝမ်
" သခင်လေးပြန်လာပြီလား
ရှင်းလေးက ထမင်းစားဖို့စောင့်နေတယ် "ဝမ်ရိပေါ်ပြန်လာလာချင်း အိမ်တော်ထိန်း
စကားသံကြောင့် အမောစို့သွားသည်။" အိမ်တော်ထိန်း ည၉နာရီတောင်ထိုးနေပြီလေဗျာ "
" ကျွန်တော်တို့ဘယ်လိုကျွေးကျွေး မစားတာပါ
သခင်လေး "အားကျယ်ခေါင်းကိုအောက်ငုံ့ထားကာပြောလိုက်သည်။
ရှင်းလေးအစာမစားတာ ဝမ်သခင်လေးအတွက်
စိတ်ဆိုးစေသော အကြီးမားဆုံးသော အကြောင်းအရာဖြစ်သည်။" ကျွန်တော်ထမင်းစားခန်းထဲကစောင့်မယ်
ရှင်းလေးကိုခေါ်ခဲ့ပါ "" ရေအရင်မချိုးဘူးလား သခင်လေး "
" ကျွန်တော်ရေချိုးဖို့ကို ပြဿနာလား "
" ဟုတ်ကဲ့ သခင်လေး "
ဝမ်ရိပေါ်စိတ်ဆိုးနေတာကြောင့် အားလုံးတုပ်တုပ်မှ
မလှုပ်ရဲပေ။" ကိုကို "
နောက်ကနေသူလည်ပင်းကိုဖတ်ထားသောညီကြောင့်
ချက်ခြင်းပဲပြုံးမိသည်။" ချွဲမနေနဲ့ ကိုကိုဘေးမှာလာထိုင် "
ဝမ်ရိရှင်း ကိုကိုဘေးနားထိုင်လိုက်သည်။
ကိုကိုကချက်ခြင်းပဲ ထမင်းခွံတာကြောင့်
ပါးစပ်ဟကာ စားလိုက်သည်။" ဒီချိန်ထိထမင်းမစားပဲ ဘာလုပ်နေတာလဲ "
" ကိုကို့ကိုစောင့်နေတာလေ "
" ကိုကိုပြောထားတာလေ ၇နာရီမှကိုကိုပြန်မလာရင်
ထမင်းစားရမယ်လို့ "" အခုစားနေပြီပဲကိုး "
" ကျင်းရီ! "
" အမိန့်ရှီပါ သခင်လေး "
" အားကျယ်ကိုအလုပ်ထုတ်လိုက်တော့
ညီနားမှာအနီးကပ်နေဖို့ ကလေးထိန်းနောက်တစ်ယောက်ထပ်ရှာ "" ဟုတ်ကဲ့ သခင်လေး "
ရိရှင်းနားကလူတွေအလုပ်ထုတ်ခံရတာ ဒါနဲ့ဆို ဆယ်တစ်ယောက်မြှောက်ရှီပြီ ဆယ့်နှစ်ယောက်အလုပ်သမားကို
ထပ်ရှာရတော့မှာပဲ အကြောင်းက သခင်လေးရိရှင်းကိုအချိန်မှန်ထမင်းမကျွေးနိုင်တာကြောင့် ဖြစ်သည်။