Part 8

1.2K 122 4
                                    

Part 8

    ရှောင်ကျန့်အစောထပြီး
ရှင်းလေးကိုနှိုးလိုက်သည်။

" သခင်လေး..သခင်လေးထတော့ "

    ရှောင်ကျန့် နှိုးနေပေမဲ့
ရိရှင်းကအိပ်ပုတ်ကြီးနေသည်။

" သခင်လေးထတော့ ရှောင်တင်းနီဆီသွားမယ် "

" ဟင်! "

   မျက်လုံးပွတ်ကာနိုးလာသော သခင်လေး
ရှောင်တင်းနီအသံကြားမှပဲ မျက်လုံးပွင့်လာတယ်။

" လေ့ကျင့်ခန်းသွားလုပ်ရအောင်
ရှောင်တင်းနီက မနက်တိုင်းပြေးနေကြ "

" ဟုတ်ပါ့မလား သူပြေးရင် Fanတွေနောက်ကလိုက်မှာပေါ့ "

" သူနေတဲ့ရပ်ကွက်ကသန့်တယ် VIPရပ်ကွက်
သူမနက်တိုင်းပြေးနေကျ သခင်လေးလည်း
မြန်မြန်ထ အားကားစားဝတ်စုံဝတ်
သွားရအောင် "

" ဖြစ်ပါ့မလား "

" ဖြစ်ပါတယ် မြန်မြန်လုပ် "

  သခင်လေးမျက်နှာမြန်မြန်သစ်ကာ အိပ်ချင်မူးတူးဖြင့်လိုက်လာသည်။

"  တွေ့လား ပန်းခြံထဲမှာပြေးနေတာ "

   မနက်အစောကြီးမို့လို့ ရပ်ကွက်ထဲကပန်းခြံမှာ
ရှောင်တင်းနီ တစ်ယောက်တည်းရှီနေသည်။

" သခင်လေး အလှလိုက်ပြတာမဟုတ်ဘူးလေ
ဆင်းလေ "

" ကားပေါ်ကဆင်းရမှာလား "

"  မဆင်းပဲ သခင်လေးကဘာလုပ်မို့လဲ "

" ကျွန်တော်ပါပြေးရမှာလား "

" ဒါပေါ့ "

" ကျွန်တော်မှအမောမခံနိုင်တာ "

" သူရှေ့ရောက်အောင်ပြေးရုံပဲလေ သခင်လေးရဲ့
ဒါလေးတောင်မလုပ်နိုင်ဘူးလား "

  ရိရှင်း အားမွေးကာ ကားပေါ်ကဆင်းပြီး
ရှောင်တင်းနီဆီရောက်အောင်ပြေးလိုက်သည်။
ရှောင်တင်းနီက အရမ်းမြန်တာကြောင့်
မှီအောင်မနည်းလိုက်ရင်းမောလာသည်။

" မောလိုက်တာ "

      ရိရှင်းအမောမခံနိုင်ပေမဲ့ အရှိန်တင်ပြီး
အမှီပြေးလိုက်လိုက်သည်။

အမြတ်နိုးဆုံးဝမ်Hikayelerin yaşadığı yer. Şimdi keşfedin