Part 32
နံနက်စာစုံညီစွာ စားနေတုန်း ကိုကိုက
" ရှောင်ဝမ်!..မင်း ရှင်းလေးကျောင်းအကြိုအပို့
တာဝန်ယူ "" ဗျာ...ကျွန်တော်ကလား "
" အင်း ဘာလဲမင်းအလုပ်ရှုပ်လို့လား "
" မရှုပ်ပါဘူး ကျွန်တော်လုပ်ပါမယ် "
တော်သေးတယ် အချိန်မှီသေးလို့
ရှောင်ကျန့်ပြုံးပြီး ဝမ်ကိုလှည့်အကြည့်
ဝမ်ရဲ့မကျေနပ်သောအကြည့်နဲ့ ကြည့်ခြင်းကို
ခံရသည်။ဝမ်ကဘာလို့အဲ့လိုကြည့်တာလဲ သူဘာမှားသွားလို့လဲ
" ကျွန်တော်စားလို့ဝပြီ ကျောင်းသွားတော့မယ် "
" အစ်ကိုလည်းပြီးပြီ သွားရအောင် "
ရှောင်ဝမ်နဲ့ ရှင်းလေးထွက်သွားတော့
ရှောင်ကျန့်ပြုံးပြီး ဝမ်ကိုမေးလိုက်သည်။" ဘယ်လိုလဲ ကိုယ်တော်တယ်မဟုတ်လား "
ဝမ် ကျွန်တော်ကိုမကြည့်ပဲ ထမင်းစားခန်းထဲက
ထွက်သွားသည်။" ဝမ်ဘာဖြစ်လို့လဲ "
ရှောင်ကျန့် မြန်မြန်ပဲ ဝမ်နောက်ကိုလိုက်လိုက်သည်။
" ကိုယ့်ရဲ့မောင်က ကိုယ့်ဘာမှားလို့ စိတ်ဆိုးသွားရတာလဲ "
" ဘာမောင်လဲ! "
" ဝမ်ပဲ တချိန်က မောင်လို့ခေါ်ဆို "
ရိပေါ်မျက်စောင်းထိုးလိုက်ပြီး အိတ်ယူကာ
ထွက်ဖို့အလုပ် ကိုကိုကလက်ကိုလှမ်းဆွဲကာ
နမ်းဖို့ကြိုးစားနေသည်။" ရပ်!...ကျွန်တော်ဒေါသဖြစ်နေတာနော် "
" ကိုယ်ဘာအမှားလုပ်လို့လဲ "
" ကိုကိုက ကိုယ့်ကိုယ်ကိုဘာအမှားလုပ်မိလဲ
ကိုယ်တိုင်တောင်မသိဘူးလား "ရှောင်ကျန့် စဥ်းစားလိုက်ပေမဲ့ အဖြေမထွက်လာပေ။
" ကိုယ် ဒီမနက်ဘာအမှားမှမလုပ်ပါဘူး "
ဝမ်ကျွန်တော်ခြေထောက်ကိုကန်ချလိုက်သည်။
" အား..ဝမ်! "
ဝမ်လက်ကိုလွှတ်ပေးလိုက်ပြီး
ခြေထောက်ကိုပွတ်လိုက်သည်။ယ