Unicode 🤗" အားးးး ဒီနေ့ကစပြီး ဆေးဘက်ကကောင်လေးနဲ့မှမတွဲရရင် ရည်းစားမထား၊ အိမ်ထောင်မပြုတော့ဘဲအပျိုကြီးလုပ်တော့မယ်။ Duty Coatလေးတွေဝတ်ထားတဲ့ ကောင်ကလေးတွေကို မြင်လိုက်ရတော့ ငါ့မျက်လုံးလေးတွေက အားအင်တွေ ပြည့်သွားသလိုဘဲသိလား "
ဟုတ်ပါတယ်..အင်ယာမှမရရင် ဒီတစ်သက် လင်မယူဘူးဆိုတဲ့နှစ်ယောက်မရှိသော ဆရာမကြီးသဲစုစုလှိုင်က အားရပါးရပြောချလာခြင်းဖြစ်၏။ လက်ဖက်သုပ်ယူစားနေသော မြတ်နိုးပိုင်တို့ကလည်း သဲစု၏စကားကိုကြားသည်နှင့် စားလက်စ လက်ဖက်ပန်းကန်လေးကို အမြန်ချကာ အားကြီးနှင့်ပြောချလာသောစကားကြောင့် နင်သွားရသူက ဒီကပန်းဝတ်မှုန်ပါ။
" နင်တို့နှစ်ယောက်က ဆေးကျောင်းသားတွေကို ခုမှစကြိုက်ဖို့ပြင်ကြတာ..ငါက မူလတန်းအရွယ် ကျောင်းကို ကျန်းမာရေးအသိပညာလာပေးကတည်းက ဆေးကျောင်းသားရော၊ ဆရာဝန်ရောကို အကုန်လုံးကို္ကြိုက်နေခဲ့တာ..သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆင်ကြတယ်လေ "
" ခွီးးးး "
" ကမ္ဘာပေါ်မှာ ရှိသမျှကောင်ချောလေးတွေအားလုံးလည်း ကုန်ပါတော့မယ်။ မြတ်နိုးပိုင်ရဲ့idea typeက ဘယ်တုန်းကဘယ်လို မူလတန်းအရွယ်တည်းက ဆေးကျောင်းသားတွေ၊ ဆရာဝန်တွေကို ကြိုက်နေခဲ့တာပါဆိုပြီး ဖြစ်သွားရတာတုန်း "
" သဲစုရယ်..တော်ပါတော့..ငါတို့ သူငယ်ချင်းသုံးယောက်က အမြဲသွားတူ လာတူ စားတူဆိုတော့ အခုလို ရည်းစားထားမယ်ဆိုတော့လည်း ဆေးကျောင်းသားလေးတွေကို ရွေးကြိုက်ကြတော့အတူတူဖြစ်သွားတာပေါ့။ မင်းသစ္စာတည်ဆိုတဲ့ ပန်းရဲ့ကောင်လေးကလွဲပြီး ကျန်တဲ့ဆေးကျောင်းသားမှန်သမျှ မြတ်နိုးနဲ့သဲစုအတွက်ဘဲ "
" အမယ်လေး..စေတနာတွေ တအားထက်သန်နေတယ်ပေါ့လေ "
" အွန်းးး ကိုယ့်ရဲ့ချစ်သူငယ်ချင်းလေးတွေကို ဆေးကျောင်းသားလိုက်ကြိုက်နည်းပါ ထပ်သင်ပေးဦးမှာ "
" ေလျှာက်ပြောမနေနဲ့..သူ့ကြည့်တော့ ဘေးအိမ်မှာရှိနေတဲ့ ဆေးကျောင်းသားကိုတောင် မလိုက်နိုင်သေးဘဲနဲ့ "
YOU ARE READING
💘ဆေးကျောင်းသားနဲ့တွေ့ဆုံခိုက်💘
Historia Cortaတစ်ပိုင်းဖတ်ပြီးလို့ ဖတ်ရတာကိုယ့်အတွက် အဆင်ပြေတယ်ဆို နောက်အပိုင်းတွေလည်း ထပ်ဖတ်ပေါ့နော်။ ဒီFicလေးထဲမှာ Uတို့လေးတွေအတွက် ဆေးကျောင်းသားလိုက်ကြိုက်နည်းရော၊ ပြန်ကြိုက်နည်းရော အကုန်ပြောပြသွားမှာဆိုတော့ ဘာလိုသေးလဲ။ ( ပေါက်ကရတွေပြောတာပါ🙈) #Photo crd. #အ...