(1) U+Z

107 7 6
                                    

နစ်မြုပ်ခဲ့သော နှလုံးသားငယ် ( 1)

အသက်၂၅ ကျော်နှင့်အသက်၃၀ ဝန်းကျင် လူရွယ် ၅ယောက် ထိုင်နေသည့် စားပွဲဝိုင်းတစ်ခုတွင်ဖြစ်သည်။ နေရာကား ဇွဲရဲရင့်ဆိုသည့် မွေးနေ့ရှင်၏အိမ်၌ဖြစ်၏။ ယောကျာ်းသားအားလုံးသာရှိသည့်ထိုဝိုင်းတွင် ယမကာခွက်များနှင့်အတူ ယမကာနှင့်လိုက်ဖက်သည့် စားဖွယ်များလည်းတည်ခင်းထားပြီး
စားကြသောက်ကြရင်း စကားလက်စုံကျနေကြသည်။

" ငါတို့တွေတော့ ငယ်ရွယ်တဲ့အချိန်တွေကုန်ခဲ့ပြီးနော်
အချို့ကောင်တွေကအခုထိအချစ်ကိုယစ်မူးနေတုန်းပဲ ဟားဟား "

ထိုစကားကိုစလိုက်သည့်သူဟာ မင်းဖုန်းပြည့်ဖြစ်သည်။ ယမကာခွက်များလည်း အသင့်သင့်လျော့နေကြပြီးဖြစ်သည့်အလျောက် စကားတွေဟာလည်းလူတိုင်းနှင့်မကင်းသည့်အချစ်အကြောင်းအရာများ ထိုစကားဝိုင်းထဲပေါ်လာပြန်၏။

" ဖုန်းပြည့်ရာ အချစ်ကိုရှာတွေ့သွားတဲ့သူတွေရှိသလို
အချစ်ကိုစိတ်ကုန်သွားတဲ့သူတွေလည်းရှိပါတယ် ခုငါတို့ထဲမှာ အချစ်နဲ့တိုက်ရိုက်အချိုးကျတာဆိုလို့
ဏ တစ်ကောင်ပဲရှိပါတယ်ကွာ မင်းကြည့်လိုက် ငါဆိုတဲ့ဇွဲရဲရင့်ကစပြီး အငယ်ဆုံးလေး ခက်ထိကြည့်ကွာ အချစ်ကြောင့် ဒဏ်ရာတွေနဲ့လူတွေကြီးပဲ ဟားဟား ဟုတ်တယ်မလား ခက် "
ဇွဲရဲရင့်ပြောသလိုပါပဲ ဝဏ္ဏသက်ဦးဆိုသည့် ဏ တစ်ယောက်သာ၆နှစ်ကျော်မြဲနေသည့် ချစ်သူကောင်လေးရှိပြီး ကျန်သူတွေ မရှိ၊ ဖြစ်လိုက်ပျက်လိုက်နဲ့ပင် လုံးပန်းနေကြပြီး ခက်ဆိုသည့် စံခက်တစ်ယောက်သာ ဒီနှစ်တွေထဲလုံးဝငြိမ်နေပြီးချစ်သူရည်စားမထားပေ။

" ဟား...ဟုတ်ပါတယ်ဗျ... ဟုတ်ပါတယ်  "

စံခက် ဟာ အဏဆိုသည့် ဝဏ္ဏသက်ဦး ကိုစိုက်ကြည့်ရင်း ဇွဲရဲရင့်၏စကားကို ပြန်လည်ထောက်ခံနေ၏။ တစ်ဆက်ဆည်း ခက် မှပင်စကားဆက်လိုက်ပြန်သည်။

" ကျွန်တော်ဆို ဆယ်ကျော်သက်အရွယ်တုန်းက
အချစ်ကိုယစ်မူးရုံမက ကိုးပါကိုးကွယ်ခဲ့သေးတာဗျ "

" ဟ မိုက်လှချည်လား "

ခက်၏အကြည့်ဟာ အဏဆီကမရွေ့ပဲ ခနဲ့သလိုမကြည်သလိုစကားဆက်နေသည်ကို တစ်ဦးတည်းတိတ်ဆိတ်နေသည့် ရန်ပိုင်က အာမေဍိတ်အသံဖြင့် စိတ်ဝင်စားကြောင်းပြသည်။ အခြားသူဟာလည်း
ခက်၏စကားကိုစိတ်ဝင်စားစွာဆက်နားထောင်နေပေမယ့်လည်း ခက်၏အကြည့်ဟာ အဏဆီရောက်နေမှန်းတော့သတိမထားမိခဲ့ကြပေ။

နစ်မြုပ်ခဲ့သော နှလုံးသားငယ် / နစ်မြုပ်ခေဲ့သာ နှလုံးသားငယ် Where stories live. Discover now