(2) U+Z

20 4 7
                                    

နစ်မြုပ်ခဲ့သော နှလုံးသားငယ် (2)

ဘုန်း....
ဆိုင်နှင့်ခပ်လှမ်းလှမ်းတွင်ရပ်ထားသည့်အနက်ရောင်
ကားထဲ ဝင်ဝင်ချင်းစံခက် ကားတံခါးကို အားပြင်းပြင်းဖြင့်ပိတ်ချလိုက်သည်။
ဘာကိုဒေါသထွက်လို့ထွက်နေမှန်းမသိပဲ စိတ်အလိုမကျနေသည့်မိမိကိုယ်မိမိလည်းနားမလည်စွာ။

" တောက်စ်... မြန်မာပြည်မှာရှိတဲ့လူသန်း ၆၀ထဲ ဒီဘဲကြီးနဲ့ပဲ လာလာပြန်တိုးနေတာ ဘာအဓိပ်ပါယျလဲ
လူသန်း၆၀ထဲ ဒီဘဲကြီးနဲ့ပဲ လာတွေ့ပေးနေတဲ့ ကံကြမ္မာနတ်မင်းလည်း သောက်ပြသနာပဲ "

စံခက် စိတ်တိုလည်းတိုချင်စရာပင် ၊ မနေ့ကတင်တွေ့ခဲ့သည့် ဏ ကို ဒီမနက်မှာတင် ရေစိမ်မုန့်တီ ဆိုင်မှာ လာထပ်ဆုံပြန်သတဲ့ ၊ သူတို့နှစ်ဦး၏ကံကြမ္မာလည်း ခပ်ဆန်းဆန်းပင် ၊ဒါပေမဲ့ ဒီမနက်တွင် ဏ တစ်ယောက်ထဲမဟုတ်ခဲ့ပဲ ဏ ချစ်သူဆိုသည့် လွင်မင်းခန့်လည်းပါ၏။ ထိုကောင်၏နားရွက်တွင် မနေ့ကမှ စံခက်ကြိုက်ခဲ့သည့် ကြယ်နှင့်လခြမ်းပုံစံနားကပ်လေးဟာနေရာယူထားသည်ကို စံခက် မြင်မိသည်ကြောင့် စိတ်တိုနေခြင်းဖြစ်သည်။

တစ်မျိုးတစ်မည် လွင်မင်းခန့်ကိုခြုံကြည့်မည်ဆိုလျှင် လွင်မင်းခန့်၏အပြင်အဆင်ပုံစံသည် စံခက်နှင့်ပင်ခပ်ဆင်ဆင်ရှိလှ၏။ ဒီတိုက်ဆိုင်ခြင်းသည် သဘောရိုးများဖြစ်နိုင်မည်လား။ စံခက်၏တစ်ဆင့်ပြီးတစ်ဆင့်ပြောင်းလဲလာသည့်အသွင် သဏ္ဍန်အတိုင်း လွင်မင်းခန့်ကိုဆင်ယင်နေသည့် ဝဏ္ဏသက်ဦးသာ  အသိဆုံးဖြစ်နိုင်မည်မဟုတ်လော။

" ဏ ငါ့ကိုဘာလို့ ဒီနောက်ပိုင်း နားကပ်တွေ လည်ဆွဲတွေ နဲ့ ခပ်မိုက်မိုက်ပုံလေးပြင်ပေးနေတာလဲ အသက်မငယ်တေ့ာဘူးနော် ငါတို့အသက် ၃၂ ရှိပြီးဏ  "

" ခန့် ငါ့ကိုမချစ်တော့ဘူးလား "
" ချစ်တယ်လေ ချစ်လို့ပေါ့ ဏ သဘောအတိုင်းနေနေတာ "
" ဘာလို့လဲ ငါ့သဘောအတိုင်းနေရင် ငါပြန်ချစ်လာမယ်ထင်နေတာလား ခန့် "

" ဏရာ မင်းငါ့ကိုမချစ်ဘူးလို့ပြောနေပေမယ့် ငါ့ကိုမင်းအနားကနေတွန်းထုတ်ရဲလား "

" .... "

လွင်မင်းခန့်၏အမေးဟာ ဏအတွက် ချက်ခြင်းဖြေဖို့ရန်တွေဝေစေ၏။ တကယ်ပင် သူ့အတွက်လုံးဝမဖြစ်နိုင်သည့်သူကိုစွန့်လွှတ်ပြီး ခန့်ကို ခက်အသွင်ဆင်ယင်ကာအစားထိုးထားခြင်းကြောင့် သူစိတ်သက်သာရာရနေခဲ့သည်ကို သူကိုယ်တိုင်အသိဆုံးပင်။

နစ်မြုပ်ခဲ့သော နှလုံးသားငယ် / နစ်မြုပ်ခေဲ့သာ နှလုံးသားငယ် Where stories live. Discover now