နစ်မြုပ်ခဲ့သောနှလုံးသားငယ် (4)
ညနေ ၆နာရီကျော်ကျော်ခန့် ခက်တစ်ယောက် သူ၏တိုက်ခန်းအောက်ထပ်ရှိ ' နေမင်းသစ် '
မာလာရှမ်းကောဆိုင်တွင် ပင်လယ်စာရှမ်းကောစားနေခဲ့၏။ ဤဆိုင်သည် မော်လမြိုင်မြို့ရှိ မာလာရှမ်းကော ကြိုက်သူများ မသိသူမရှိသလောက်ရှားသည့်
နာမည်ကြီးဆိုင်တစ်ဆိုင်ဖြစ်၏။ ရှမ်းကောငုတ်စားနေရင်း facebook ကြည့်နေသည့် ခက်မှာ People You May Know တွင်ထိပ်ဆုံးပေါ်လာသည့်အကောင့်တစ်ခုထဲသို့ ဝင်ကြည့်နေမိသည်။ ထိုအကောင့်၏အမည်မှာ Wanna Thet မည်လေသည်။ရုတ်တရက်ဆိုသလို ထိုဆိုင်အတွင်းသို့ ဝင်လာသည့်
လူတစ်ယောက် ၊ ထိုလူဟာ ခက် ကောင်းကောင်းသိ၏။ အရင်မြင်နေကြခပ်လန်းလန်းကေ ဖန်စီနားတွဲဆွဲကြိုးတွေဖြင့် ခက် ကြည့်မရခဲ့သည့် ဏ၏ချစ်သူ လွင်မင်းခန့်မဟုတ်တော့သကဲ့သို့ ယနေ့မှာ တည်ကြည်ခန့်ညားစွာဖြင့် သန့်သန့်ပြန့်ပြန့်နှင့် အခြားတစ်ယောက်ကဲ့သို့ပြောင်းလဲနေသည်။ ထိုလူကို ခက်မှ မှင်သက်စွာငေးကြည့်နေချိန်တစ်ပြိုင်ထဲ ဏ အကောင့်၏ about ကိုကြည့်လိုက်မိ၏။ Single ဟု relation status တွင် နေရာယူထားသည်ကိုထပ်တွေ့ရပြန်သည်။" မာလာရှမ်းကောတစ်ပွဲ ဝက်နဲ့ "
ထိုသို့ လွင်မင်းခန့် အော်ဒါလှမ်းမှာသည့်အသံကြားမှသာ ခက်လည်းအသိစိတ်ဝင်ကာ ထိုအကောင့်ကိုဆက်ပြီးဆွဲကြည့်နေမိ၏။ ထိုလူ၏ နောက်ဆုံး post သည် 1day ago ဖြစ်ပြီး ထိုပို့စ်၏ caption ဟာ
' အစကနေအဆုံးထိ ကျေးဇူးတင်ပါတယ် ' ဖြစ်၏။
ထို caption နှင့်အတူ ပူတွဲတင်ထားသည့်ပုံဟာ
ဆိုင်ကယ်ဖြင့်လှည့်ထွက်သွားသည့် လွင်မင်းခန့်၏ နောက် ကျောပုံဖြစ်၏။ လှပသည့်ကမ်းနားလမ်းနှင့် စိမ်းဆိုနေသည့်အပင်တွေကြောင့် ထိုဓာတ်ပုံဟာ အင်မတန်တော့ ကြည့်ကောင်းလှသည်။" ပြတ်သွားကြတာလားဟ ဒီဘဲ ဒီလောက်ကြူးနေပြီးမှ ပြတ်ရတယ်လို့ အင်းလေ ဒီဘဲအကျင့်နဲ့ဘယ်သူကအနားမှာကြာကြာနေနိုင်မလဲ ဟား "
ခက်တစ်ယောက်ပြောမိနေသည့်စကားပင်။" ရှင်းမယ် "
ခက် ပိုက်ဆံရှင်းကာ ထိုဆိုင်မှထွက်သွားသည်အထိ
လွင်မင်းခန့်လိုက်ကြည့်နေမိ၏။ လွင်မင်းခန့်၏စိတ်ထဲတွင် ခက်၏စတိုင်ကျပုံလူငယ်ဆန်ပုံနှင့် လွတ်လပ်နေပုံဟာ ဏ သူ့အပေါ် စိတ်ကြိုက်ပြင်ဆင်
ခဲ့သည့်ပုံစံဖြင့်ထပ်တူကျနေ၍ ခက်ကို စတင်စိတ်ဝင်စားနေမိသည်။
YOU ARE READING
နစ်မြုပ်ခဲ့သော နှလုံးသားငယ် / နစ်မြုပ်ခေဲ့သာ နှလုံးသားငယ်
RomanceMyanmar BL fiction (own creation) starting date-21.4.23 ending date - ဝဏ္ဏသက်ဦး - Wanna Thet Oo စံခက် - San Khat