(3) U+ Z

19 4 2
                                    

နစ်မြုပ်ခဲ့သော နှလုံးသားငယ် (3)

ဝပ်ရှော့ထဲရောက်လာသည့်ကားများအား ပြုပြင်စစ်ဆေးပြီးနောက် ပင်ပန်းသွားသည့် ခက်သည်
အနီးနားရှိ ခုံပေါ်တွေထိုင်ချကာ ခေါင်းကိုအနောက်သို့မှီချလျက်အနားယူနေသည်။
မော်လမြိုင်နွေ၏ ပူအိုက်သည့်ဒဏ်ကိုပင် ကားလာပြင် ကားလာစစ်သည့် ကောင်လေးကောင်မလေးများ ကျေးဇူးတင်နေကြပြီးဖြစ်သည်။ အကြောင်းကား
အပူဒဏ်ကိုမခံနိုင်သည့်ခက်မှာ အညိုရောင်ဂျိုင်းပြတ်အင်္ကျီကိုချွတ်ကာ ပခုံးပေါ်တင်ထားရင်း ခုံကိုမှီနေ၍ဖြစ်သည် ။ မရှည်မတိုဆံပင်လေးကိုအနည်းငယ်စုစည်းထားပြီး ကျောက်ဆူးပုံစံနားတွဲကိုဝတ်ဆင်းထားသည်မှာ လိုက်ဖက်လွန်းနေ၏။ ထို့အပြင် ဖြူဝင်းနေသော ရင်ဘတ်ကျယ်ကြီးတွေအပေါ် ချွေးတလိမ့်လိမ့်စီးကျနေသည်မှာ ဗိုက်သားပေါ်ထိမက ချက်အောက်ရှိ
အမွှေးအမျှင်ရေးရေး လေးတွေထိ စီးကျနေသည့်မြင်ကွင်းမှာ မြင်သူတကာ အကြည့်မခွါနိုင်သည်အထိ ဆွဲဆောင်မှုရှိလွန်းနေသည်။ အဖုအထစ်အနည်းငယ်ရှိသည့် ဗိုက်ကြွက်သားလေးဟာ အသက်ရှူလိုက်တိုင်း အနိမ့်အမြင့်လှုပ်ရွသွားသည်မှာလည်း မြင်သူတကာအား အကြည့်မလွှဲနိုင်သည်ထိ ဆွဲဆောင်အားပြင်းလှပါသည်။

" ဇွဲ မင်းတို့ဝပ်ရှော့မှာ ပင်တိုင်မော်ဒယ်ငှားထားတာလား ငါကြည့်တာ ကားလာပြင်တဲ့သူထက် ဒီကတစ်ယောက်ကိုလာချောင်းတာ လက်တစ်ဖက်စာမကလောက်ဘူးနော် "
ဘယ်အချိန်မှာဘယ်လို ဝပ်ရှော့ထဲရောက်လာမှန်းမသိသည့် ဏဟာ စံခက်အပေါ်အကြည့်မခွါပဲ မပျော့မပျောင်းသြဇာညောင်းချင်နေသည့်လေသံဖြင့် ဘဝင်မကျခြင်းဟန် ပြောဆိုလာခဲ့သည်။ ခက်၏ ဆွဲဆောင်မှုရှိနေသည့်ခန္ဓာကိုယ်အချိုးအစားအား အခြားသူ ပေါ်တင်ကြည့်နေကြသည်ကို ဏ လုံးဝမကြိုက်ပေ။ ဖြစ်နိုင်ရင် ထိုလူသားကိုသူကပင် တစိမ့်စိမ့်ထိုင်ကြည့်နေချင်ခဲ့သည်။လက်တွေ့မှာသူ့အတွက်မလွယ်လောက်သည့်ကိစ္စပေမယ့်လည်းပေါ့။
ထိုအချိန်တွင် စံခက်စီမှ မျက်မှောင်ကျုံ့ကာ ' ဒီဘဲကြီး ဘာလာစားနေလဲ ' ဆိုသည့်အကြည့်ဖြင့် ဏ ပြန်အကြည့်ခံနေရသည်။

" ကိုဇွဲ မော်ဒယ်ငှားထားသေးလား ကျွန်တော်မသိလို့ "
ဇွဲကိုပင်ထပ်မံပြန်မေးလိုက်သည့် စံခက်၏အကြည့်စူးစူးဟာလည်း ဏ စီပင်စိုက်ရောက်နေ၏။
ဇွဲရဲရင့် မှာတော့ သူ့နာမည်ဖြင့် by name မေးခွန်းအမေးခံနေရပေမဲ့လည်း သူ့အပေါ်အကြည့်တစ်ချက်တောင်မရှိပဲ အကြည့်ချင်းစီးချင်းထိုးနေသည့်ပမာ သူ့အရှေ့ရှိ လူနှစ်ဦးကိုသာ သူတို့တစ်ယောက် မျက်နှာ တစ်ယောက် တစ်လှည့်ခြင်းစီကိုကြည့်၍ ' သူတို့ကဘာဖြစ်နေကြတာလဲ ' ဟု ကိုယ့်ကိုယ်ပင်မြန်မေးနေရသည်။ ဒီအခြေအနေကို ဇွဲ အကဲလည်းမခတ်တတ်သလို နားလည်းမလည်နိုင်တော့ပါ။ကြားညှပ်သည့်ခံစားချက်မျိုးရနေသည်အမှန်။
" ဘာမော်ဒယ်မှာ မငှားထားပါဘူး ဏ ရဲ့ "

နစ်မြုပ်ခဲ့သော နှလုံးသားငယ် / နစ်မြုပ်ခေဲ့သာ နှလုံးသားငယ် Where stories live. Discover now