မြူ Ep(2)

23 3 0
                                    

ဒီနေ့ဟာ သောကြာနေ့ဖြစ်တာမို့ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်ကိုကြိုတွေးကာ ကျောင်းသားများပျော်နေကြသည်။ စေတမန်လဲကျောင်းတက်လာတာ တစ်ပတ်လောက်ရှိနေပြီမို့ အတန်းထဲကတော်တော်များများနှင့်ရင်းနီးနေလေပြီ။ အတန်းပိုင်ဆရာမ မလာမှီအချိန်တွင် တာဝန်ကျတဲ့အသင်းက သန့်ရှင်းရေးလုပ်နေကြသည်။ တခြားကျောင်းသားများကတော့ သူတို့ရဲ့သဘာဝအတိုင်း ကိုယ့်အဖွဲ့နဲ့ကိုယ်ဆူဆူညံညံ။ သို့သော်လည်း မြူဟာတစ်ကိုယ်တော်တိတ်ဆိတ်နေသည်။

မကြာမီပင် အတန်းပိုင်ဆရာမ ရောက်ရှိလာ၏။

"မင်္ဂလာပါဆရာမ။ ကြိုဆိုပါတယ်ဆရာမ"

ထုံးစံအတိုင်း ကျောင်းသူကျောင်းသားများက မတ်တပ်ရပ်ကာ ညီညီညာညာနှုတ်ဆက်ကြသည်။

"မင်္ဂလာပါ ကလေးတို့။ ထိုင်ကြ ထိုင်ကြ"

ဆရာမက ထိုင်ရန်ခွင့်ပြုလိုက်ပြီး ကျောင်းသားအသစ်ဖြစ်သော စေတမန့်ကိုကျောင်းတက်ရတာအဆင်ပြေရဲ့လားဟု အခြေအနေမေးသေးသည်။ စေတမန်ကလဲအဆင်ပြေကြောင်း၊ သူငယ်ချင်းတွေနဲ့ခင်နေပြီဖြစ်ကြောင်းပြန်ဖြေပါသည်။ ဆရာမလဲ ဒီလိုအဖြေမျိုးကိုကြားချင်တာဖြစ်၏။ စေတမန့်ကိုအကဲခတ်ကြည့်မိသလောက်တော့ သွက်သွက်လက်လက်နှင့် စိတ်သဘောထားဖြူစင်ပြီး ချစ်စရာကောင်းသောကျောင်းသားလေးဖြစ်ကြောင်း သတိထားမိခဲ့ပါသည်။ စေတမန့်ကိုပြုံးပြပြီး အရင်လပတ်စာမေးပွဲကဖြေခဲ့သည့် ကျောင်းသားကျောင်းသူများ၏ resultsများကို သေချာစီစဉ်နေသည်။

"ကဲ.....သားတို့သမီးတို့။ အရင်လပတ်စာမေးပွဲမှာရခဲ့ကြတဲ့ မင်းတို့ရဲ့ရလဒ်တွေ အခုဆရာမလက်ထဲမှာရောက်ပြီ။ အဆင့်အလိုက် နောက်ဆုံးကစပြီး နာမည်ခေါ်မယ်နော်။ ကိုယ့်နာမည်ခေါ်ရင်လာယူကြ"

"ဟာ............"

ထိုအသံက အားလုံးစီမှတစ်ပြိုင်နက်ထွက်လာသောအသံ။ ကျောင်းပိတ်ရက်ကိုကြိုတွေးပြီးပြောနေသော ကျောင်းသားများ၏အပျော်များက ချက်ချင်းကိုပျောက်ကွယ်သွားတော့သည်။ အဆင့်ကျရင်၊ အမှတ်မကောင်းရင် အိမ်ရောက်တဲ့အခါ ဆူခံထိဦးမည်မို့။

"အဆင့် ၄၀ ကျော်စွာ
အဆင့် ၃၉ ထက်နိုင်မင်း
အဆင့် ၃၈ သူရ........."

မြူWhere stories live. Discover now