"ချီးယား......."
ခမ်းနားတဲ့ restaurantကြီးတစ်ခု၏ သီးသန့်ခန်းထဲတွင် ဦးမင်းမြတ်ပိုင်နှင့် သူ့ရဲ့လုပ်ငန်းမှအပေါင်းအဖော်များ ဘီယာခွက်ကိုယ်စီကိုင်မြှောက်ကာ တညီတညာတည်း ခွက်ချင်းတိုက်လိုက်ကြသည်။
"ကဲ......ဒီprojectကြီးအောင်မြင်တာ တို့တွေအားလုံးရဲ့ကြိုးစားမှုကြောင့်ပဲ။ သောက်ကြ"
'MOLA cosmetic' ကုမ္ပဏီမှ productအသစ်အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ခြင်း။ ထိုလုပ်ငန်းသည် မြူ့ဖေဖေ ဦးမင်းမြတ်ပိုင်၏ကိုယ်ပိုင်လုပ်ငန်းဖြစ်သည်။ အရာရာမှာထက်မြတ်သူပီပီ အချိန်တစ်ခုအတွင်းမှာပင် လူအများ၏အမြဲလက်ကိုင်ထားစရာ brand တစ်ခုဖြစ်အောင်လုပ်နိုင်ခဲ့၏။ ယခုသည်ကား productနောက်တစ်မျိုးကိုထုတ်လုပ်နိုင်ခဲ့၍အောင်ပွဲခံကြသော နေ့လည်စာဝိုင်း။
"ဦးမင်းမြတ် ဒီprojectကအချိန်ယူပြီး အားလုံးလဲအားစိုက်ပြီးကြိုးစားထားတာမို့ နေ့လည်စာလောက်နဲ့တော့မရဘူးနော်"
"အိုး....ကိုယ့်လူတို့ရယ် ကျွန်တော့်မှာအစီအစဉ်ရှိပါတယ်။ ဒီည ကျွန်တော့်အိမ်မှာ dinnerပွဲလေးတစ်ပွဲလုပ်မယ်။ ကျွန်တော်တို့တင်မက ကျွန်တော်တို့နဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေကိုပါ ဖိတ်လိုက်မယ်ဗျာ"
"အဲ့ဒီအစီအစဉ်ကောင်းတယ်.....တခြားလုပ်ငန်းရှင်တွေကိုပါ ကြွားလို့ရတာပေါ့"
"ဟား ဟား ဟား ဟား"
ဦးမင်းမြတ်ပိုင်နှင့် ရှယ်ယာရှင်များဟာ သဘောတကျရယ်မောရင်း သူတို့ရဲ့အောင်မြင်မှုအတွက် ဂုဏ်ယူနေခဲ့ကြသည်။
x"ပြောပါဦး မြူ။ ဘာဖြစ်လို့ report cardမှာ အုပ်ထိန်းသူလက်မှတ်မပါရလဲဆိုတာ"
အတန်းပိုင်ဆရာမက မြူ့လက်ထဲမှ report card လေးကို ယူကြည့်ကာမေး၏။ ဆရာမများနားနေခန်းဖြစ်သောကြောင့် ထိုအခန်းထဲတွင် အခြားဘာသာပြဆရာမ၄ယောက်လောက်တော့ရှိသည်။ ထို့အပြင် နောက်ထပ်ရှိနေသူမှာ ဆရာမခြင်းတောင်းလေးကိုယူလာပေးသော စေတမန်။
ပုံမှန်ဆိုလျှင် သိပ်လျှို့ဝှက်တတ်သောမြူဖြစ်ပေမယ့် ဒီတစ်ခါတော့ ကျောင်းကိစ္စဖြစ်နေတာကြောင့် ပြောပြမှရတော့မည်။ ဘေးနားက ဆရာမများနှင့် စေတမန်ရှိနေသော်လည်းဂရုမစိုက်တော့ပါ။ မနေ့ညကဖြစ်ခဲ့သည့်အကြောင်းစုံနှင့်အတူ ဒယ်ဒီတွန်းချတဲ့အချိန် လက်ထောက်လိုက်၍ ယောင်နေသောလက်ကောက်ဝတ်ကိုပါ တစ်ခါတည်းပြလိုက်သည်။
YOU ARE READING
မြူ
Roman d'amourသူငယ်ချင်းဆိုတာ အချိန်တန်ရင်ခွဲခွာပြီး ကိုယ့်ဘဝကိုယ်လျှောက်လှမ်းကြရပေမယ့် ချစ်သူဆိုတာ နှစ်ယောက်ပေါင်းစည်းပြီး ဘဝတစ်ခုကို လျှောက်လှမ်းကြရတယ်......