Unicode
ရေမြေခြားမှ နှလုံးသား
(or)
my nemophilia
အပိုင်း (9)''ဇွဲ နင်သိလို့လား...''
''အေး ဇွဲကသူ့ကိုကြိုက်......အော်...''
'' အာ့.....နာတယ်လေ''
''ဒါမျိုးစပ်စုရရင် ခြေထောက်ကမနာတော့ဘူး....ခေါက်ထည့်လိုက်ရ''
''ငါလည်းသိချင်တာပေါ့လို့''
''အေးလေ နန်းရယ် သူလည်းသိချင်တာပေါ့ ငါပြောပြမယ် နုငယ်...ဖယ်စမ်းပါ နည်းနည်း''
ဇွဲက နန်းကိုနေရာခဏဖယ်ခိုင်းပြီးနုငယ်ဘေးဝင်ထိုင်တော့ တချိန်လုံးငြိမ်နေတဲ့ နတ် က လှုပ်လှုပ်ရှားရှားဖြစ်လာ၏။
''ရပ်စမ်း....မင်းကဘာလည်း..ငါ့ကလေးနားမကပ်နဲ့''
''ဒါကျွန်တော့်သူငယ်ချင်းဗျ....လွှတ်ကျွန်တော့်ကို''
''မင်းပါးစပ်ကိုပိတ်ထား တစစီဖြစ်သွားမယ်နော်''
ဇွဲ ကိုခြိမ်းခြောက်နေတဲ့ပုံက အတည်လုပ်မည့်ပုံပင်။ ဘယ်လောက်ဒေါသထွက်နေလဲဆိုရင် နတ်ရဲ့ ရင်အုံတွေက မြင်ချည်နိမ့်ချည်နဲ့ လက်နဲ့ မေးရိုးတွေကလည်းသွေးကြောတွေ မြင်နေရ၏။
''ဟို....ကိုကိုကောင်း''
သူ့ရှေ့က ပိုင်စိုးပိုင်နက်ကောင်ကို သတ်ပစ်ချင်ပေမယ့် အကြင်သူမလေး ဆီက ကြားလိုက်ရတဲ့ခေါ်သံကြောင့်....
''ကလေး....ဘယ်လိုခေါ်လိုက်တာ....ဟမ်...ပြန်ခေါ်ပါဦး''
''ဟို.....ဟိုလေ''
''ကဲပါ..အခန်းထဲအရင်သွားမယ်နော် လာချီမယ်''
ပြောရင်းဆိုရင်းသူ့ကလေးကို ဆွေ့ကနဲ ကောက်ပွေ့သွားတော့ ဇွဲက ချက်ချင်းပင် ဟာနနားကို ရောက်သွားလေ၏။
''မမ.... အဲဘဲ က ဘာဖြစ်သွားတာလဲ''
''boss ကလား bossက ဂျယ်လီနင်သွားတာ''
''အော်..... ဟင်..အာ့ဆို သူက ကျွန်တော့်သူငယ်ချင်းကိုကြိုက်နေတာပေါ့''
''အင်း...ဟုတ်လောက်ပါတယ်''
''ဟဲ့ဘာတွေပြောနေကြတာလဲ''
''ဒီလိုနန်းရဲ့ ငါ့မမကပြောတယ် နုငယ်ကို ဟိုလူကြီးကကြိုက်လို့တဲ့''
YOU ARE READING
ရေမြေခြားမှ နှလုံးသား(or)My nemophilia
Romanceမွေးထဲက ဖခင်ကိုမြင်ခွင့်သိခွင့်မရခဲ့တာမို့ မိခင်နဲ့အကိုဖြစ်သူက သည်းသည်းလှုပ် အလိုလိုက်ထားပြီး သူငယ်ချင်းတွေရဲ့ ချစ်ခြင်းကိုပါသိမ်းကြုံးယူထားတဲ့ ပြာနုငယ်လေး။သူမလေးရဲ့ နံဘေးက လူတိုင်းကိုနှစ်သိမ့်ပေးတတ်တဲ့ကလေးငယ်လေးပါ။အကြောင်းအရင်းတခုကြောင့် သူမလေဂျပန်...