Unicode
ရေမြေခြားမှ နှလုံးသား
(or)
my nemophiliaအပိုင်း(12)
''နုငယ် နင်တဂယ်ညစာမစားဘူးလား''
''ငါက စားချင်တဲ့ရုပ်ပေါက်နေလို့လား''
''မဟုတ်ပါဘူးဟယ်.....နင်ကလည်း တလုတ်တဆုတ်လောက်တော့ လိုက်စားပါဟယ်..... ဗိုက်အောင့်မယ်ဟ''
''မစားချင်ပါဘူးဟာ....ငါ့ဘာသာနေပါရစေ....နင်တို့သွားစားလေ...ဇွဲလည်းဆာနေရောပေါ့''
''နင်မစားရင်ငါလည်းမစားချင်ဘူးဟာ.....''
''ဂတုံးရယ် ငါ့စကားနားထောင်စမ်းပါ....ငါဆာရင်ဆင်းစားပါ့မယ်....ပြီးတော့ နင်က အစာလွန်လို့မရဘူးလေ''
''ဟုတ်သားပဲ ဇွဲရယ်လာပါ...''
နန်းက အတင်းခေါ်လို့သာလိုက်ရတယ် ဇွဲ လုံးဝဆင်းမစားချင်။သူပေးတဲ့အကြံကြောင့် သူသူငယ်ချင်းကဘတညနေလုံးလည်းမှိုင်နေ၏။အခုလည်းထမင်းမစား။ဟိုဟာရုကို ဆိုတဲ့မိန်းမကိုလည်းသူလုံးဝ မကျေနပ်။စိစိညက်ညက်ကြေအောင်လုပ်ပစ်လိုက်ချင်တယ်။ထမင်းသာဆင်းစားရတယ် ညစာစားပွဲမှာလည်း အဆင်ကမပြေ ကိုနတ်က အကပ်မခံတော့တာတောင် ဟိုမိန်းမ က တီလိုမျော့လို့ တွယ်နေ၏။ကျက်သရေနည်းလိုက်လေခြင်း။
နုငယ် စိတ်လုံးဝမကြည်တာမို့ ပန်းခင်းဘက်ကိုသွားဖို့ဆုံးဖြတ်လိုက်၏။အခန်းထဲက ပန်းအိုးကလည်း ညိုးနေပြီမို့ ပန်းအိုးကိုပါ ပန်းအသစ်ထိုးဖို့ယူလာခဲ့လိုက်သည်။
မမြင်ချင်လို့ရှောင်ပါတယ်ဆိုတာမှ သံလိုက်တပ်ထားသလို ဟာရုကိုနဲ့ တည့်တည့်ကြီးတိုးလေ၏။
!ဒီမိန်းမ ခုထိမပြန်သေးဘူး!
နုငယ်ပြဿနာမဖြစ်ချင်တာမို့ သူမကိုရှောင်ပြီး သွားလိုက်ပေမယ့်..
''ဟိတ်''
''ဟိတ်...ဒီမှာ တို့ မင်းကိုခေါ်နေတာလေ''
''ကျွန်မ မအားဘူး''
နုငယ်ထွက်သွားမလို့ လုပ်နေတုန်းမှာပဲ......
''ခွမ်း....အာ့''
''ရှင်...ဘယ်လိုဖြစ်နေတာလဲ...ဒီမှာပန်းအိုးလည်းကျပွဲသွားပြီ''
YOU ARE READING
ရေမြေခြားမှ နှလုံးသား(or)My nemophilia
Romanceမွေးထဲက ဖခင်ကိုမြင်ခွင့်သိခွင့်မရခဲ့တာမို့ မိခင်နဲ့အကိုဖြစ်သူက သည်းသည်းလှုပ် အလိုလိုက်ထားပြီး သူငယ်ချင်းတွေရဲ့ ချစ်ခြင်းကိုပါသိမ်းကြုံးယူထားတဲ့ ပြာနုငယ်လေး။သူမလေးရဲ့ နံဘေးက လူတိုင်းကိုနှစ်သိမ့်ပေးတတ်တဲ့ကလေးငယ်လေးပါ။အကြောင်းအရင်းတခုကြောင့် သူမလေဂျပန်...