Unicode
ရေမြေခြားမှ နှလုံးသား
(or)
my nemophiliaအပိုင်း(16)
''ငယ်....အိမ်ထဲ ပြန်ဝင်တော့မလား''
''.............''
''ဝင်မယ်မလား.....လာ.....အပြင်လေက ပြင်းတယ်''
နတ် ကလေးငယ်ကို ကောက်ပွေ့ကာချီလာပြီး သူ့အလုပ်ခန်းသို့ဦးတည်လာခဲ့သည်။
''ငယ်......ဒီမှာခဏလေးနေနော်.....ကိုယ် အကြံရတုန်းလေးတစ်ခု နှစ်ခုလောက်လုပ်ချင်လို့''
သူမကို ဆိုဖာပေါ်ထိုင်စေပြီး စာအုပ်နဲ့ခဲတံကို
ကိုင်တာ မျက်မှောင်ကြုတ်လျက်အလုပ်ရှုပ်နေပုံ
က တဂယ် ပင်ကြည့်ကောင်းပါသည်။" ငယ်ငယ် ......ညီမလေး"
ပြန်ခါနီး ညီမလေးကိုနှုတ်ဆက်ဖို့ အခန်းထဲတံခါးခေါက်ပြီး ၀င်လာလိုက်တော့ .......နတ်က သူ့ကို ဘာလဲဆိုတဲ့ အထာနဲ့ မေးဆတ်ပြ၏။နေသခင်လည်း မျက်စောင်းထိုးကာပြန်ကြည့်ရင်း အခန်းထဲ၀င်လာပြီး..........
"ငယ်ငယ်..... ကလေးလေး ကိုကြီးပြန်တော့မယ်နော်.... ဆေးလည်းသေချာသောက်နော်.....လကုန်ရင် တစ်ခေါက်ပြန်လာမယ်နော်.......မငိုရဘူးနော်.....ကိုကြီးပြောတာတွေလည်းမမေ့နဲ့သိလား .....မာမား ကိုလည်းစိတ်မပူနဲ့နော် ကိုယ် အဆင်ပြေ အောင် ပြောပေးထားမယ်"
ညီမငယ်က ဟုတ်ကဲ့ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြုံးပြ ပြီး ခေါင်းညိမ့်ပြလာတာမို့......နဖူးလေးကိုအသာနမ်းလိုက်ပြီး.....နတ် ဘက်ကိုလှည့်ကြည့်တော့ သူ့ကို ဆူပုတ်ပြီး ကြည့်နေတာမို့........
"bye byeသူတောင်းစား"
"အရိုင်းအစိုင်းကောင်"
"မင်းလည်းငါပြောတာတွေ မမေ့နဲ့ သားလေး"
"ကြွ ကြွ"
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
"နန်း...."
"ကိုကြီး...တဂယ်ပြန်တော့မှာလား"
"အင်း ......နန်း လည်း လိုက်ချင် တခါထဲ ပြန်လိုက်ခဲ့ပါလား"
"ရပါတယ် ကိုကြီးရဲ့ နုငယ်က နေမကောင်းဘူးလေ ....နန်း....မထားခဲ့ချင်ဘူး"
"အင်းပါ....သတိရရင်ဖုန်းဆက်လေနော်....အခုတလော နှလုံးကရော အောင့်သေးလား"
YOU ARE READING
ရေမြေခြားမှ နှလုံးသား(or)My nemophilia
Romanceမွေးထဲက ဖခင်ကိုမြင်ခွင့်သိခွင့်မရခဲ့တာမို့ မိခင်နဲ့အကိုဖြစ်သူက သည်းသည်းလှုပ် အလိုလိုက်ထားပြီး သူငယ်ချင်းတွေရဲ့ ချစ်ခြင်းကိုပါသိမ်းကြုံးယူထားတဲ့ ပြာနုငယ်လေး။သူမလေးရဲ့ နံဘေးက လူတိုင်းကိုနှစ်သိမ့်ပေးတတ်တဲ့ကလေးငယ်လေးပါ။အကြောင်းအရင်းတခုကြောင့် သူမလေဂျပန်...