နေ့လား ညလားဆိုတာကို အသိစိတ်ကသာ ခွဲသိနေပေမယ့် အရာရာဟာ အမှောင်အတိ။ ဒီလောကကို ဆော့မက်သရူးအသားမကျနိုင်။
"သားအတွက် အကူတစ်ယောက် ဒီနေ့ထပ်လာမှာ။ သူက ဆေးကျောင်းတက်နေတာမို့ အဆင်ပြေမှာပါ။ သားဘက်ကလည်း နည်းနည်းဒေါသလျော့နော်"
ဒေါသလျော့ဆိုမှ ဆောင့်တက်လာတဲ့ ဒေါသအကြောင်းကို မေမေ့ကိုမပြောပြချင်။ ဒီတစ်ယောက်ရောဆို သူ့အတွက်အကူခေါ်ပေးတာ သုံးယောက်မြောက်။ ပထမတစ်ယောက်က မိန်းကလေးမို့ သူသဘောမကျ။ ဒုတိယတစ်ယောက်ကတော့ သူစိတ်မရှည်။ မက်သရူးကို မွေးကတည်းက အမြင်အာရုံဆုံးရှုံးတဲ့သူလို ဆက်ဆံနေတော့ ဒေါသတွေ အတောင့်လိုက်ထွက်တာနဲ့။ မက်သရူး အကူမလိုချင်ပါ။ ဒီတိုင်း မှောင်နေတဲ့ ကမ္ဘာထဲမှာပဲ အသားကျချင်တယ်။ မေမေစေတနာတွေကိုလည်း ကလန့်မတိုက်ချင်။ သက်ပြင်းတစ်ချက်ကိုသာ မှုတ်ထုတ်လိုက်တယ်။ နောက် မေမေ့သက်ပြင်းချသံတိုးတိုး နောက်လှည့်ပြန်သွားတဲ့ခြေသံဖွဖွ တံခါးပိတ်သံတိုးတိုး။ မက်သရူးကမ္ဘာမှာ အလိုမကျခြင်းများစွာ ကြီးစိုးနေကာ။
-----+++++++--------
ပထမဆုံးအလုပ်၀င်မယ့်နေ့မို့ လိုတာထက်ပိုရင်ခုန်နေတယ်။ မမြင်ရဘူးဆိုပေမယ့် ကြည့်ကောင်းနေစေချင်တယ်။ အလုပ်သင်ဆရာ၀န်တစ်ယောက်က ဆေးကျောင်းသားပါလို့လိမ်ပြီူ အချိန်ပိုင်း သူနာပြုအလုပ်ကို ဘာလို့လုပ်နေတာလဲလို့မေးရင်တော့ ။ သူပြုံးလိုက်မိတယ်။ လိုအပ်တာတွေ ပြင်ဆင်ပြီး အပြင်ကိုထွက်တော့
"အမယ် ကိုကိုက သန့်နေပါ့လား"
ညီမလေးခေါင်းလေးကို ပြုံးပြီး ခပ်ဖွဖွပုတ်ကာ
"မေမေ သားသွားပြီ"
လို့ နှုတ်ဆက်ပြီး ဟန်ဘင်း အိမ်က ခပ်သွက်သွက်လေး ထွက်လာလိုက်တယ်။ လမ်းမှာပဲ ပန်းဆိုင်ကို ၀င်ပြီး နှင်းဆီပန်းအဖြူ ၅ပွင့် တစ်စီး၀ယ်လိုက်တယ်။ အရာရာဟာ အဓိပ္ပာယ်အပြည့် လှပနေတယ်။
ဂန်နမ်းရပ်ကွက် အိမ်နံပါတ် 9 ကို ၀င်လိုက်တော့ ဟန်ဘင်းထက်နည်းနည်းကြီးပုံရတဲ့ အမျိုးသမီးကိုတွေ့တော့
"နူးနား မင်္ဂလာပါ"
"ဪ မင်္ဂလာပါ။ မောင်လေး (ဒုံဆေး) အခန်းကို လိုက်ပို့ပေးမယ်လေ"
"နေရာပဲ ပြောပေးရင် သွားလိုက်ပါ့မယ် နူးနား"
"ဒုတိယထပ်က ထောင့်စွန်းခန်းပါ။ တစ်ယောက်တည်း သွားလို့ ဖြစ်ပါ့မလား။ မိတ်ဆက်ရဦးမှာဆိုတော့"
"အာ ကြည့်လုပ်လိုက်ပါ့မယ် ခင်ဗျ"
ဟန်ဘင်းနှုတ်ဆက်ကာ ယုံကြည်ချက်ရှိတဲ့ ခြေလှမ်းအပြည့်နဲ့ သွားလိုက်တယ်။ အင်တာဗျူးမှာကတည်းက ဆော့မက်သရူး ဒေါသကို နည်းနည်းပြောပြထားသလို ဆောင်ရန်ရှောင်ရန်တွေလည်း ပြောထားတယ်။ တကယ်တော့ ပြောပြထားတာတွေထက် ဆော့မက်သရူးအကြောင်းကို ဟန်ဘင်း ပိုသိတယ်လို့ပြောရင် ဒီအလုပ်ကို ဟန်ဘင်း ရပါ့မလား မသိ။
အခန်းရှေ့ရောက်တော့ အင်္ကျီကို ကြည့်ကောင်းအောင် ပြင်လိုက်တယ်။ ပြီးမှ တံခါးကို ခေါက်လိုက်တယ်။
"ဒေါက် ဒေါက် ဒေါက်"
ပြန်ဖြေသံမကြားရ။ ခဏအကြာမှ ထပ်မံပြီး
"ဒေါက် ဒေါက် ဒေါက်"
အခန့်ရှေ့ကို ရောက်လာတဲ့ ခြေသံက အိမ်က လူတွေ ခြေသံမဟုတ်မှန်း မက်သရူး သတိထားမိတယ်။ တံခါးခေါက်သံကြားပေမယ့် ပြန်မဖြေ ပစ်ထားလိုက်တော့ စောင့်နေကာ တအောင့်နေမှ ထပ်ခေါက်လာတာမို့
"၀င်ခဲ့ပါ"
ခပ်ဖွဖွ တံခါးဖွင့်သံ။ ခြေသံဖော့ဖော့။ အနားရောက်လာတော့ နှင်ဆီပန်းနံဖျော့ဖျော့ရကာ
"ဟျောင်း နာမည်က ဆောင်းဟန်ဘင်းပါ။ မက်သရူးနဲ့ သူငယ်ချင်းဖြစ်ရရင် ကောင်းမှာပဲ"
မက်သရူး ရီချင်သွားတယ်။ သူငယ်ချင်းတဲ့ ဘာကို သူငယ်ချင်းလဲ။
(နည်းနည်းလေး တိုသွားတယ်မလား ။ အားနာလို နောက်တစ်ပိုင်း ထပ်တင်ပေးမယ်နော်။ ခဏတော့ စောင့်ပေးနော်။
မန့်လေးတွေ ချန်ထားပေးခဲ့ကြတာ တကယ်ကျေးဇူးတင်တယ်။ မန့်လေးတွေကြောင့် စာရေးဖို့ အားဖြစ်ရတယ်။ ရောယောဘွန်းတို့က binthew ပဲဆိုလို့ Gyujin နဲ့ Woongthew ရေးလက်စကိုရပ်ပြီး ခု story လေး ရေးတင်တာပါ။ ဇာတ်သိမ်းဖို့ပဲ ကျန်တော့တယ်။ happy ending ကြိုက်လား sad ending ကြိုက်လာဟင်။ I ကတော့ sad ending ကို ပိုကြိုက်တယ်။ ဇာတ်သိမ်းကတော့ မပြောင်းပေမယ့် ရောယောဘွန်းတို့ အကြိုက်ကိုလည်း သိချင်မိသား)
(တစ်ယောက်ချင်းစီကို ချစ်တယ်နော်❤️❤️❤️)