မျက်ကြည်လွှာ အလှူရှင်ရပြီလို့ ဆေးရုံက ဆက်သွယ်လာတာမို့ မက်သရူး ဆေးရုံကို တက်ဖို့ပြင်ရတယ်။ ဆေးရုံရောက်တော့ ဟျောင်းက လိုက်လာပြီး ပျော်နေတာရော စိတ်ပူတာရော ရောထွေးနေတဲ့ ဟျောင်းအသံကြားရတယ်။ ဟျောင်းက မက်သရူးလက်ကို လာကိုင်တော့ သိသိသာသာအေးစက်နေကာ
"ဟျောင်း ဟျောင်းက ကျွန်တော်ထက် စိတ်လှုပ်ရှားနေသလိုပဲ"
"အင်း"
စကားများတဲ့ ဟျောင်းက တိတ်ဆိတ်နေတာမို့ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေတယ်ဆိုတာ မက်သရူး ခံစားမိကာ
"ဟျောင်း စိတ်မပူပါနဲ့။ ကျွန်တော်က ဟျောင်း မျက်နှာကို တွေ့ချင်တာမို့ ကောင်းကောင်းခွဲစိတ်တာခံပြီးထွက်လာမှာ"
"အင်း"
"ဟျောင်း"
မက်သရူး ဟျောင်းလက်ကလေးကို လှုပ်လိုက်တော့
"ကြောက်တယ် မက်ချူးရား။ မက်ချူးခွဲစိတ်တာ အဆင်မပြေမှာလည်းကြောက်တယ်။ မက်ချူး ဟျောင်းကို မမှတ်မိမှာလည်း ကြောက်တယ်။ ပြီးတော့ ဟျောင်းရုပ်က မက်ချူးလေး ထင်နေတဲ့ ပုံနဲ့ အတူတူမကျမှာလည်း ကြောက်တယ်"
"ဟျောင်း ဟျောင်းကြောက်တာတွေ တစ်ခုမှ မဖြစ်လာစေရဘူးနော်။ ကျွန်တော်ခွဲခန်းက ထွက်လာတာနဲ့ ဟျောင်း ကျွန်တော်ဘေးမှာ မနေနဲ့။ ကျွန်တော် ဟျောင်းကို ရှာပြမယ်။ ကတိ ဟျောင်း"
" မက်သရူး ဟျောင်းကိုကြည့်ပြီး ဟျောင်းလို့ခေါ်တာ စောင့်နေမယ်နော်"
"အင်း ဟျောင်း"
ခွဲခန်းထဲမ၀င်ခင်အထိ မက်သရူးကပဲ ဟျောင်းကို အားပေးနေရကာ။
--------+++++++------
ခွဲခန်းထဲက ထွက်လာပြီး မက်သရူး ခွဲစိတ်တာ အောင်မြင်တဲ့အထိ ဟျောင်းက ဘေးမှာ ရှိနေပေမယ့် မက်သရူး ပတ်တီးဖြေတဲ့နေ့မှာတော့ ဟျောင်းက ရင်ပူနေတာမို့ မက်သရူး အိမ်ကို ပြန်စောင့်နေမယ်ဆိုပြီးပြန်သွားတယ်။ မက်သရူးကလည်း ဟျောင်းကို မှတ်မိတယ်ဆိုတာ သက်သေပြချင်တာမို့ အလွယ်တကူပဲ သဘောတူမိတယ်။
ပက်တီးဖြေပြီး အိမ်ပြန်လာတဲ့ လမ်းမှာ မက်သရူး ရင်ခုန်နေတယ်။ ဟျောင်းကို တွေ့ချင်လှပြီ။ ဟျောင်း မက်သရူးအနားရှိနေတုန်း Keita က နိုင်ငံခြားမှာမို့ ဟျောင်းနဲ့ မတွေ့လိုက်ရဘဲ ခု မက်သရူး မျက်စိဖြေတဲ့နေ့အမှီပြန်လာတာမို့ မက်သရူးရဲ့ တစ်ဦးတည်းသောသူငယ်ချင်းလေးကိုလည်း ဟျောင်းကိုကြွားချင်လှပြီ။