အမြင်အာရုံ မဆုံးရှုံးခင်တုန်းက မက်သရူးမှာ အပေါဆုံးက သူငယ်ချင်ဆိုတာတွေပင်။ အမြင်အာရုံဆုံးရှုံးသွားတော့ အဲ့ဒီ သူငယ်ချင်းဆိုတာတွေကပဲ အဆက်အသွယ်မလုပ်ကြတော့။ Keita တစ်ယောက်က လွဲရင်ပေ့ါ။ ဘယ်နှစ်ရက်ခံမယ်မှန်းမသိတဲ့ သူက မက်သရူးကို သူငယ်ချင်းလုပ်မယ်ဆိုတော့ မက်သရူး ရယ်ချင်တာ အူလိုက် သည်းလိုက်။
“ မက်သရူးအတွက် မက်သရူးနဲ့ တူတဲ့ နှင်းဆီပန်းအဖြူ ဝယ်လာခဲ့တယ်”
မက်သရူးလက်ထဲကို ကမ်းပေးတဲ့ ပုံစံကို သဘောကျသွားတယ်။ အရင်တစ်ယောက်တုန်းက မက်သရူးကို မျက်မမြင်ဆိုပြီး မက်သရူးလက်ကို ဆွဲဆွဲပြီး ထည့်ပေးတာ။ သူကတော့ မက်သရူးလှမ်းယူလောက်မယ်နေရာကို ကွက်တိပေးတာမို့ အနည်းငယ်တော့ သဘောကျသွားသလို။
“ဟျောင်းတို့ ဘာလုပ်ရင်ကောင်းမလဲ”
“မျက်မမြင်နဲ့ ဘာလုပ်ချင်သေးလို့လဲ”
မက်သရူးက ဘုတောတောလိုက်တော့ ရယ်ကာ“ အတူတူလုပ်ချင်တာတွေ အများကြီး ရှိတာပေါ့ မက်သရူးရေ့”
“မျက်မမြင်နဲ့ ဂိမ်းပြိုင်ဆော့မယ်တို့ ဘောလုံးကန်မယ်တို့လိုလား”
ဂျစ်တူးလုပ်နေတဲ့ ဆော့မက်သရူးကို ကြည့်ကာ ရင်နာရသလို ရယ်ချင်နေတယ်။ ဒီကောင်လေး ဘယ်လောက်တောင် စိတ်ဓာတ်ကျနေခဲ့တာပါလိမ့်။ အရင်က ဆော့မက်သရူးဆိုတာ တောက်တောက်ပပလေးလို့ တွေးမိကာ။
“ဟျောင်း မက်သရူးနဲ့ အတူတူလုပ်လို့ရတာမှ အများကြီးပဲ။ ခုစဉ်းစားနေတာ သီချင်းနားထောင်မလားလို့။ မက်သရူး ဂျေပက်ခ် ရဲ့သီချင်တွေကြိုက်လား။ ဟျောင်း All I Wanna do ဖွင့်ပေးမယ်လေ”
မက်သရူး ခဏတော့ အံ့သြသွားတယ်။ ပြီးမှ မမဆီက မေးထားလို့ ရတာပဲလို့တွေးမိတုန်း သီးချင်းသံနောက် လွင့်မျောမိသွားတယ်။ ဆောင်းဟန်ဘင်းဆိုတဲ့ ဟျောင်းကို နည်းနည်းတော့ အမှတ်ပေးမိသလို။
နောက်ရက် ဆောင်းဟန်ဘင်းရောက်သွားတော့ မက်သရူးက မနေ့ကလို မဂျစ်တော့။ နည်းနည်းတော့ ရင်းနှီးလာသလိုမို့ ဟန်ဘင်းပျော်ရတယ်။
