1.5K 147 24
                                    

တအီအီငြီးနေတဲ့ သားငယ်လေးကို ကြည့်ပီး ပတ်ဆိုနာတစ်ယောက် စိတ်မကောင်း....ညနေက မိုးရေစိုကြီးနဲ့ အိမ်ပြန်လာပီး ညကျ အအေးပတ်ကာ အဖျားအရမ်းကြီးနေတော့သည်...
မိုးရွာရင် သားငယ်လေးက ငယ်ငယ်က အကြောင်းတွေ ဆွေးကာ အမြဲတမ်း မိုးမိခံသည်...
သူမလည်း သားငယ်လေးကို ဘယ်လို ဖြောင့်ဖြရမလဲ မသိတော့..အစွဲအလမ်းကြီးလွန်းတဲ့ သားလေးဟာ အခုချိန်ထိ သူ့ကိုကိုအကြောင်းတွေကာ တစ်ငိုငို တစ်ရီရီ ဖြစ်နေဆဲပင်...

သားငယ်လေးအတွက် ရင်လေးပါတယ် မားရဲ့
သားလေးကြမှ ဘာလို့ ဒီလိုတွေ ခံစားနေရတာလဲ ကလေးရယ်...ငယ်ငယ်က တတ်ကြွပီး ချစ်ဖို့ကောင်းတဲ့ ကလေးလေးက ပြသနာတစ်ခုဖြစ်ပီးကတည်းက အခြေအနေတွေဟာ ပြောင်းလဲပီး တစ်မှိုင်မှိုင်တစ်ထွေထွေသာ နေတတ်တော့သည်...
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
Loraတစ်ယောက် ယနေ့လည်း ကျောင်းသွားဖို့ကိုတတ်ကြွစွာ ပြင်ဆင်နေမိသည်....ကျောင်းသွားပီးဟိုနုံချာချာကောင်ကို အနိုင်ကျင့်ရမယ်ဆိုတာ တွေးရင်း ပျော်ရွှင်နေမိသည်...
ငါနင့်ကို ထပ်ပီး အနိုင်ယူပြမယ် ကြည့်နေ ပတ်ဂျီမင်...ဟားဟား

ပြိုင်ကား နီနီလေးဖြင့် ကျောင်း၀င်းထဲ ၀င်လိုက်သည်နှင့် ပထမဆုံး တွေ့လိုက်ရတာ ကိုကို...

မနေ့ညထဲက ဖုန်းဆက်ရင်း Loraကို တွေ့ချင်နေပီဟု ပြောခဲ့တဲ့ က်ုက်ုက မနက်အစောကြီး ကျောင်းမှာ လာစောင့်နေသလိုပင်....
Lora ပြုံးပျော်ရွှင်စွာပင်...

"ကိုကို မနက်စာ စားပီးပီလား"

"အင်း ကိုယ်စားပီးပီ Loraလေးရော..."

"ဟာ ကိုကိုကလည်းကွာ ဘာလို့ စားလာတာလဲ loraက ကိုကိုနဲ့ ကန်တင်းမှာ တူတူစားချင်တာပါဆို..."

ဆူအောင့်အောင် ပြောလာတဲ့ သူမလေးကြောင့် ဂျောင်ကု ထပ်ပီးရင် မနက်စာ လိုက်စားရန် ပြင်လိုက်တော့သည်...

"အဲ့ဆို Loraလေး စားလေ ကိုကိုက ကော်ဖီတူတူလိုက်သောက်ပေးမယ်...ဒါပေမယ့် အပြင်က တစ်ဆိုင်ဆိုင် သွားစားရအောင်လေ"

သူ ကျောင်းကန်တင်းထဲမှာ မစားချင်ပေ ဘာလို့လဲဆိုတော့ သူက company သွားမယ့် ပုံနဲ့ ၀တ်စားထားပီး ကျောင်းသားလဲ မဟုတ်...

Ko Ko(Completed)Where stories live. Discover now