①③

1.8K 141 3
                                    

အိပ်ချင်မူးတူးဖြင့် ကျောင်းဝင်းထဲကို လှမ်းနေတဲ့ သူ့ခြေလှမ်းတွေက အိမ်မက်ကမ္ဘာထဲမှာ လမ်းလျှောက်နေသူပမာ..

ရုတ်တရက် မျက်လုံးတွေ ပြူးကျယ်သွားခဲ့တာ မင်ဟို့ရဲ့ အတင်းလာဆွဲခေါ်မှုကြောင့်.

"ဂျီ လာအံုး မြန်မြန်."

"ဟင် ဘာလို့လဲ..."
အလျှင်အမြန်ဆွဲခေါ်လာခြင်းက ခြေလှမ်းတွေတောင် အမှားမှား အယွင်းယွင်း ဖြစ်ပေါ်စေခဲ့လျက်..
မင်ဟို့မျက်နှာကို ကြည့်လိုက်တော့လဲ ဒေါသထွက်နေတဲ့ပုံ...
ဘာတွေဖြစ်လို့ပါလိမ့်...

"ကြည့်လိုက် ဂျီမင်..."

မင်ဟို လက်ညှိုးထိုးရာကို ကြည့်လိုက်တော့...

"ဟင်..."
ထိတ်လန့် ဆွံ့အပြီး ဘာမှ မပြောနိုင်...

"ဒါဘယ်လိုဖြစ်ရတာလဲ...??"

အခန်းရဲ့ ဝင်ပေါက်တည့်တည့်မှာ ဂျီ့ပုံနဲ့ ပိုစတာကြီး.. ပိုစတာက ထိတ်လန့်စေတာမဟုတ်ဘဲ ပိုစတာမှာ ရေးထားတဲ့ စာတွေက ထိတ်လန့်ဖွယ်ရာ..

လူမြင်မကောင်းတဲ့စကားလုံးတွေနဲ့ စာတန်းတွေ..

"ပတ်ဂျီမင်ဆိုတဲ့ ကောင်ဟာသည် ကျွန်မ၏ ချစ်သူအား မြှူဆွယ်၍ တွယ်ကပ်နေပါသည်..သို့ဖြစ်ပါ၍ ပိုင်းလုံးကောင်ဟု ခေါ်တွင်ပါရန်.."

ပိုင်းလုံးကောင် ပတ်ဂျီမင်...

ပုံ Lee Lora...

"ဟယ် ကြည့်စမ်း ရုပ်လေးချောပြီး အနေအေးသလောက် လုပ်ရက်တယ်ဟယ်.. မထင်ရဘူး..
ဟို တခါ Loraက သူ့ကို ပါးရိုက်လိုက်တာကို မကျေနပ်လို့ နေမှာပေါ့...ယောက်ျားလေးဖြစ်ပီး ယောက်ျားချင်း တွဲချင်နေကတည်းက သိပီးသား ပျော့ညံ့ညံ့ကောင်..."

တယောက် တခွန်းပြောနေကျတဲ့ ပတ်ဝန်းကျင်က စကားသံတွေနဲ့ ဂျီ့ကို အထင်သေး စက်စုပ်ဖွယ် ကြည့်နေကျတဲ့ မျက်လုံးတွေ..

ဂျီဘာလုပ်သင့်လဲ.. ဂျီက သူတို့ပြောသလို ယောက်ျားဖြစ်နေပီလား...

ဒီလိုဖြစ်အောင် ကိုကိုက အကွက်ကျ စီစဉ်ခဲ့တာလား..
ဒါကို ဆရာမ တွေ့သွားရင် ဘာတွေ ဘယ်လို ဆက်ဖြစ်မှာလဲ..

ရပ်တန့်နေတဲ့ ခြေထောက်တွေကို လှုပ်ရှားလိုက်ပီး လှမ်းလိုက်မိတာ ပိုစတာရှိရာကို...
ဆွဲဖြဲလိုက်တာနဲ့ ဘေးကို ရောက်လာတာ Lee Lora..

Ko Ko(Completed)Where stories live. Discover now