Unicode...
"ငြိမ်ငြိမ်နေလို့ မောင့်!! ခ်ခ်ခ်
မောင်နော်ခါးကိုမထိုးနဲ့လို့ ခ်"မနက်ထဲကမတွေ့ရတဲ့မျက်နှာလေး ပြန်လာတော့လဲကုတင်ပေါ်တက်ကာ မျက်မှန်အဝိုင်းလေးတပ်ပြီး စာအုပ်ဖတ်နေသည့်ထယ့်ကို သူ့အသည်းယားလွန်းသည်ကြောင့် သူကုတင်ပေါ်တက်လိုက်ပြီး ထယ့်ရဲ့ခါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ကာလီထိုးကာစတော့ ခါးအထိမခံနိုင်သည့် ထယ်ကတွန့်လိမ်၍ အော်ရယ်သေးသည်။
"မောင့်ကိုပြစ်ထားလို့ အပြစ်ပေးတာ"
သူ့ခါးကိုထိုးပြီး ဘောက်ဆက်ဆက်ပြောလာသည့် မောင့်ကိုသူပြုံးကြည့်မိပြီး။
"ထယ်ပြန်လာတော့ မောင်ကသီချင်းရေးနေတာလေ အဲ့ဒါကြောင့်အခန်းထဲပဲတန်းဝင်လာလိုက်တာ မောင့်ကိုအနှောက်ယှက်သလိုဖြစ်သွားမှာဆိုးလို့"
"ထယ်ကိုမြင်တိုင်း မောင်အနှောက်ယှက်သလိုမဖြစ်ဘူး မောင့်ရင်ထဲပဲအေးချမ်းသွားတာ"
ပြောချင်တာကသူကမောင့်အတွက် အနှောက်အယှက်မဟုတ်ပဲ မောင့်ရဲ့အေးချမ်းရာလေးလို့ မောင်ကဆိုလိုချင်တာမို့ သူမောင့်ကိုပြုံးပြမိတော့။
"မောင်ဘယ်လောက်ပဲစိတ်ရူပ်ပြီး စိတ်ညစ်နေပါစေ မောင့်အေးချမ်းအောင်လုပ်ဖို့ နည်းတစ်ခုပဲလိုတယ်"
"အဲ့ဒါဘာလဲမောင်"
"မင်းရဲ့အပြုံးတစ်ခုတည်းပဲထယ်"
Zawgyi....
"အဲ့ဒါဘာလဲမောင်"