Unicode....
"ကိုယ်မနက်ဖြန် စေ့စပ်ရတော့မယ်ထယ်"
တံတားထပ်ထိုင်နေရင်း ပြောလာသည့် ဂျွန့်စကားကြောင့်
ဂျွန့်ကို ငေးကြည့်နေရင်း မေးမိလိုက်သည်။"ချစ်တဲ့လူနဲ့စေ့စပ်ရမှာ ပျော်နေမှာပဲနော်ဂျွန်"
သူ့အပြောကို ဂျွန်ကမျက်လုံးမှိတ်ကာ သဘောကျပြုံးရင်း။
"ကိုယ့်ဘဝမှာအပျော်ဆုံးပဲ"
ထယ်ကဂျွန်ကို့ရင်ထဲနင့်နေအောင် ချစ်ခဲ့တာ သူ့ကိုအလိုလိုက်တဲ့ဂျွန်ကိုထယ်အတွေးမှားပြီး ထယ်ကိုသဘောကျနေတယ်လို့ ထင်နေခဲ့မိသေးတယ်
ထယ်အချစ်လွန်ပြီး အချစ်ရူးရူးသွားတယ်ထင်ပါရဲ့ ဂျွန်လို့လူမျိုးက သူလို့ယောင်္ကျားတစ်ယောက်ကိုချစ်မှာတဲ့လား။ဂျွန်ကသူ့ကို လူတစ်ယောက်အကြောင်း အမြဲပြောဖူးသည် သူ့ရင်ထဲနင့်နေအောင်ချစ်တယ်ဆိုသည့်အကြောင်း ဘယ်အရွယ်ထဲကတိတ်တခိုးချစ်နေတဲ့ဆိုသည့်အကြောင်း ဂျွန်ထိုစကားများပြောနေချိန် သူရင်တွေအောင့်ကာ အသက်ရှူရခက်ခဲလာစမြဲပဲ။
မင်းဘာလို့နားမလည်သေးတာထယ် ကိုယ်မင်းအကြောင်းတွေမင်းကို အမြဲပြောပြတယ် မင်းဘာလို့မြင်အောင်မတွေးကြည့်ခဲ့တာလဲ
ကိုယ်မင်းကိုသဘောကျနေတယ်ဆိုတာ မင်းဘာလို့မမြင်နိုင်သေးတာလဲထယ် ဒါပေမယ့်မင်းမမြင်သေးတဲ့အရာကို ကိုယ်တို့နှစ်ယောက်လက်ထပ်ပြီးရင် မင်းမြင်အောင်ကိုယ်ပြပါ့မယ်။Zawgyi....