Unicode...
"ထယ်ရေပြီးပြီလား မောင်ဝင်လာတော့မယ်နော်"
"မောင်ခဏလေး ခဏနေအုန်း"
အင်္ကျီလဲတော့ဆိုထဲက သူ့ကိုအခန်းပြင်တွန်းလွှတ်နဲ့ထယ်ကြောင့် အခန်းပြင်ကသာအော်နေရခြင်းပင်။ ခဏကြာတော့ အခန်းတံခါးခပ်ဟဟဖွင့်လာသည်နှင့်။
"ထယ်"
"မောင် ဟီး"
အခန်းတံခါးပွင့်လာသည်နှင့်ကြည့်မိတော့ ဂါဝန်အနက်ရောင်အရှည်ကို ပေါင်အလည်လောက်ကခွဲထားပြီး ခေါင်းတွင်လဲ ရွှေဝါရောင်မကျအဖြူမကျခါးလည်လောက်ထိ ကျနေသည့်ဆံနွယ်ရှည်ရှည်တွေ
သူ့ခေါ်လိုက်တော့လဲ မောင်လို့ပြန်ခေါ်ကာ သွားတွေစီတန်းနေအောင်ရယ်ပြသေးသည် သူ့အရှေ့ကမိန်းမဆန်ဆန်ဝတ်ထားသည့် ယောင်္ကျားလေးတစ်ယောက်၏ခန္ဓာကိုယ်တစ်ခုလုံးကို ချုံ့ကြည့်လိုက်ရင်တော့ အပြစ်ပြောစရာနေရာတစ်ကွက်မရှိသည်ကြောင့် သူအနည်းငယ်မျက်နှာတည်သွားရသည်။"ဘယ်လိုတွေဝတ်လာတာလဲ သွားလဲ"
"မောင်ကလဲ မင်ဟိုကို ကတိပေးပြီးသွားပြီလေ သူ့ကောင်မလေးအနေနဲ့မိတ်ဆက်ပေးဖို့ကို မောင်ကိုလဲပြောထားပြီးသားဟာကို"
"ကိုယ့်ကိုယ်ကိုရော မှန်နဲ့ပြန်ကြည့်လာခဲ့ရဲ့လား"
ခပ်တည်တည်သူ့အပြောကြောင့် ထယ်ကသူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်ကာ နူတ်ခမ်းဆူလာသည် ပြီးသည်နှင့်။
"အရမ်းကြည့်ရဆိုးနေလို့လားမောင် ထယ်သေချာလုပ်ထားတာကိုတစ်ခုခုလွဲနေသေးတာလား"
သူ့ကိုသူငုံ့ကြည့်ကာဆိုလာပြီး မှန်ရှေ့သွားတော့မယ့် ယောင်းလက်ကိုဖမ်းဆွဲလိုက်ပြီး ခါးလေးကိုသိမ်းဖက်မိတော့ သူ့ရင်ဘတ်ပေါ်တင်လာသည့် ထယ်ရဲ့လက်သွယ်သွယ်လေးနှစ်ဖက်။
"မောင့်"
"ဒီလောက်လှနေတာကို မောင်ကဘယ်လိုလုပ်ပြီးထယ်ကိုအပြင်ခေါ်သွားရမှာလဲ မောင်သဝန်တိုပြီးသေသွားတာကို ထယ်ကမြင်ချင်နေတာလား"
ထိုသည်မှ နူတ်ခမ်းအနည်းငယ်ဆူနေသည့် ထယ်ကပြုံးကာ ရင်ဘတ်ပေါ်တင်ထားသည့် လက်တွေနဲ့ထုကာ။