"မြတ်ထင်ထားသလို တီချယ်က ဆူးများတဲ့ ပန်း
မဟုတ်ဘူးမြတ်...တီချယ့်ပုံက ပြည့်စုံနေတဲ့ ပန်းအလှလေးလို့ ထင်ရပေမဲ့...တကယ်တည်းကျ...
ပင်စည်တွေ အကိုင်းအခက်အလက်တွေပါ...
ခြောက်သွေ့လွန်းလှတဲ့ ပန်းပါကွာ....""တီချယ်..."
"အင်း..."
"တီချယ် အရမ်း ပင်ပန်းနေလားဟင်..."
"သမီး ထင်ထားတာ ထက်ကိုပိုတာပေါ့...."
"သမီး ရှိတယ်နော်...တီချယ်..."
"မြတ်...မင်း တီချယ့်ကို ဘာအတွက် ချစ်တာလဲ..."
"အဲ့မေးခွန်းက သမီး အတွက် ဖြေရအခက်ဆုံး
ဖြစ်မယ်တီချယ်...သမီး ဘာ အတွက် ချစ်လဲတော့..
မသိဘူး...ဒါပေမဲ့လေ...တီချယ့်အတွက်တော့ ဆိုး
အတူကောင်းအတူ အေးအတူပူအမျှ ရှိနေချင်တယ်.""တီချယ့်ကို လက်တွဲဖော် အဖြစ်ရွေးမယ်ဆို..
မြတ် စဉ်းစား စရာ တစ်ခုရှိတယ်...""ဘာလဲတီချယ်..."
"တီချယ်က...အပျို မဟုတ်ဘူး..."
"ဘယ်လို!!"
"အင်း...တီချယ် အသက် ၃၁ တုန်းက
Rape ခံရတယ်...တီချယ် ပြောရင်..သမီး ယုံပါ့
မလား""ဆက်ပြောပါ တီချယ်...
နေလုံးကြီးကို လက်ညှိုးထိုးပြီး
ဒါဟာ စန္ဒာလမင်းကြီးပါလို့..
တီချယ်ကပြောရင်တောင်...မြတ်က
ယုံပေးပြီးသားပါ..""ယုံတဲ့ လက်စနဲ့ ဆက်ယုံပေးပါ...
တီချယ့်ဖေဖေ ကြောင့် တီချယ် ပြန်ပေးဆွဲခံရပြီး..
ဘဝပျက်ခဲ့တယ်...သမီးကိုတွေ့ရင်လေ...
တီချယ် မွေးထားခဲ့တဲ့ သမီးလေး ကို
အရမ်းသတိရတာပဲ...""တီချယ် မျက်ရည်တွေ ကျနေတယ်...
မငိုပါနဲ့ တီချယ်ရယ်...တကယ်တွေ ပြောနေတာလား""တကယ်တွေပြောနေတာပေါ့...
သမီး မယုံရင်...တီချယ့် ဘီဒိုထဲက သိမ်းထားတဲ့..
သတင်းစာမှာ သွားကြည့်လိုက်ပါ...
တီချယ့် နာမည်နဲ့ လူပျောက်ကြော်ငြာတွေ
အများကြီး တွေ့လိမ့်မယ်...""တီချယ်ရယ်..."
"သမီး ထင် သလို တီချယ်က မရင့်ကျက်တာတော့
မဟုတ်ပေမဲ့...တီချယ်က အရာရာကို
နှလုံးသားနဲ့ပဲ တွေးတောဆင်ခြင်တတ်တဲ့သူမို့ပါ...
တီချယ့်ဖေဖေက အခု ထောင်ထဲမှာလေ...
တီချယ့်ကို လုပ်တဲ့သူတွေကို...
သတ်ပေးခဲ့တာ..တီချယ့်အတွက်တော့...
ဖေဖေက တကယ့်သူရဲကောင်းကြီးပါ...
တီချယ်လေ...အဲ့ ချိန်က စပြီး...
ယောင်္ကျားတွေဆို အရမ်းမုန်းတာပဲ...."
YOU ARE READING
အချစ်ဦး တီချယ်
Romanceအဖြူအစိမ်းနယ်မြေမှာပဲ.... အချစ်ဦးကို...စတွေ့ကြစမြဲပါ.... သို့ပေမဲ့... မြတ် ချစ်မိခဲ့တဲ့...အချစ်ဦးက...တီချယ်တဲ့လေ...