Part-17

3.3K 249 30
                                    

"မြတ် ခဲတံ အဆံဗူး ပါပြီလား....
ဘာတွေကျန်သေးလဲ သေချာစစ်"

"အဆံဗူးတော့ မသယ်ခဲ့မိဘူး တီချယ်"

"ဘာလို့ မသယ်ခဲ့တာလဲ...
အဆံကုန်ရင် ဘယ်က လိုက်တောင်း မို့လဲ...
နေ...နေ...တီချယ် သွားဝယ် ပေးမယ်...
စာ ပြန်ကြည့်ထား...ဘယ်မှ မသွားနဲ့နော်..."

"ဟုတ် တီချယ်...ဖြည်းဖြည်းသွားအုံး...."

"အင်းပါ..."

မနက်ဖြန်က စာမေးပွဲကြီး ‌‌ဖြေရမဲ့နေ့ ဆိုတော့...
တီချယ် တယောက် ယောက်ယက်ခက်နေလေရဲ့...
စာမေးပွဲဖြေရမှာက မြတ်....
စာမေးပွဲ မေးခွန်းကို ရင်ခုန်နေတာက...တီချယ်...
ဟုတ်လည်း ဟုတ်နေရောနော်....
တီချယ်က တကယ့်ကို...စိတ်ပူနေတာ...
ဒီ စာမေးပွဲကြီး အတွက်...မြတ်ကို..
အများကြီး မျှော်လင့် ထားတာလေ...
တီချယ့် ဆန္ဒတွေ ပြည့်စေချင်လို့...
မြတ်လည်း....တီချယ့်လိုပဲ ထပ်တူ
ရင်ခုန်နေမိပါတယ်....

"ဘုရား တရား မမေ့နဲ့နော်...
စာမေးပွဲ ခန်းရောက်တာနဲ့...ဦးသုံးချိန်ချ...
ပြီးမှ မေတ္တာပို့ ပြီးရင် အမျှဝေပေး....
အဲ့တာတွေ လုပ်ပြီးမှ...စာမေးပွဲ စဖြေနော်...
စာမေးပွဲ ဖြေဖို့ အချိန်လိုသေးရင်....
တရားထိုင်နေနော်....
မသျှံစေနဲ့....မရတဲ့ အပုဒ်တွေဆို...စဉ်းစားမနေနဲ့...
ချန်ခဲ့နော်...နောက်မှ အေးဆေး စဉ်းစားပြီး
ဆက်ဖြေ.... fighting နော်....
တီချယ့်ရဲ့ ကလေးလေး"

မြတ် ဒီ voice recorde လေး နားထောင်ရင်း
မျက်ရည်ကျမိပြီ....တီချယ့်ကို..မနက်တည်းက
မတွေ့ရသေးပါ....တီချယ်က တခြားနယ် ကျောင်းမှာ
အခန်းစောင့်ကျသည်လေ....
ဘယ်တတ်နိုင်ပါ့မလဲ....တာဝန် ဆိုတော့လည်း...
ဘေးမှာ ဘယ် ရှိနေနိုင်ပါ့မလဲ....
တီချယ် မြတ်ကို MP3 စက်လေး တစ်လုံးအား
ကလေးတယောက်နှင့် လူကြုံပါးကာ ပေးလိုက်သည်

တီချယ်လှလှလေးက အမကို...
နေ့တိုင်း စာမေးပွဲခန်း မဝင်ခင်...နားထောင်ခိုင်းလိုက်သည်တဲ့လေ....
နားမထောင်ရင်...ပြန်လာမှ တုတ် ကြီးကြီးနဲ့...
ဆော်မည်တဲ့....ထို ကလေးရဲ့....အပြုအမူနဲ့ ပြောပြသည့်...တီချယ့်မိန့်ခွန်းကြောင့်...တကယ်သဘောကျ
မိပါသည်....
တီချယ် မြတ် အပေါ် ဘယ်လောက်...သံဃောဇဉ် တွယ်ကြောင်း...မြတ် နားလည်နေပါပြီ....
ပါးပြင်ပေါ် ကျလာတဲ့...မျက်ရည် စက်ကို...
လက်ဖမိုးနဲ့ ဆွဲသုတ်ကာ....
တီချယ့် အတွက်...ဒီ စာမေးပွဲကို...
ဘေဘီ အကောင်းဆုံးကြိုးစားပါ့မယ်...

အချစ်ဦး တီချယ်Where stories live. Discover now