"မြတ် ဒီကိုလာပါအုံး"
"ဟုတ်"
"မနေ့က မွေးနေ့ကိတ် မခွံကျွေးလိုက်ရလို့....
အစားပြန်ခွံကျွေးမို့...ဟ...""မစားချင်ဘူး...မွေးနေ့ကိတ်မှ မဟုတ်တော့တာ..."
"မြတ်....ငါက မင်းဆရာမနော်...
ပြောစကား နားမထောင်ဘူးလား""ပြီးရော...ပြီးရော..."
"ဟ...အကျယ်ကြီးဟ...."
"ဟ...."
"သေးနေသေးတယ်...အကျယ်ကြီးဟပါ...ဆိုနေ"
"ဟ ထားတယ်လေ...သူ့ကိုတောင် မျိုလို့ရနေပြီဟာကို"
"မျိုလို့ရပြီလား...ပြကြည့်ပါအုံး..."
"အယ်...တီချယ်...ခရင်တွေ ပေကုန်ပြီ..."
"ပေအောင်ပဲ သုတ်လိုက်တာလေ....
မွေးနေ့မှာ...မွေးနေ့ရှင်ကို စိတ်ဆိုးလို့...
အပြစ်ပေးတာ မှတ်ပလား....""အဲ့တာဆို သမီးလည်း ပြန်သုတ်မယ်...
မွေးနေ့ရှင်က ချစ်ရတဲ့ တပည့်ကို...မခေါ်ဘဲ...
ပလစ်ထားလို့ သုတ်တာ...""ဟယ်...မြတ်နော်...တို့က ဆရာမလေ...
ကလေးကုလားနဲ့...ပေကုန်ပြီကြည့်အုံး...""မြတ်ကျတော့ရော...ကြည့်ပါအုံး...
မျက်နှာမှာ...သူ့လက်ရာတွေ ချည်းပဲ....""လာအုံး...အနားကပ်ခဲ့...တိုးတိုးလေးပြောပြမယ်..."
"ဘာပြောဖို့လဲ..."
"တချို့ ကောင်မလေးတွေဆို...
သူ့ ချစ်သူရဲ့ လက်ရာလေးဆိုပြီး..မျက်နှာတောင်
မသစ်ဘဲ...နေကြတာ...သိလား ကလေးမ...""တီချယ်နော်..."
"ဘယ် ရည်းစားနာမည်နဲ့ မှား ပြန်ပြီလဲ....
ဒီမှာ...ဒေါ်ခင်ခန့်ခန့်ကိုရှင့်...
'နော်' ဆိုတာ...
နာမည်မှာ တလုံးမှ မပါဘူး....""အသက်ကြီးလေ...ပိုကလေးဆန်လေပဲ တီချယ်က
တစ်နေ့ထက် တနေ့ ကလေးဆန်လာလိုက်တာ...
မြတ်ဖြင့်...ladyကြီး လုပ်ပေးရတော့မယ့်ပုံပေါက်နေပြီ....""အင်းပါ...စိတ်ဆိုးပြေပြီမလား...
ညနေကျရင် စာ လာသင်တော့နော်...
မနေ့က ပျက်ထားတဲ့ အကြွေးတွေပါ ပြန်သင်ပေးမယ်...ဒီည အဆောင်မှာ လာအိပ်လိုက်..."
YOU ARE READING
အချစ်ဦး တီချယ်
Romanceအဖြူအစိမ်းနယ်မြေမှာပဲ.... အချစ်ဦးကို...စတွေ့ကြစမြဲပါ.... သို့ပေမဲ့... မြတ် ချစ်မိခဲ့တဲ့...အချစ်ဦးက...တီချယ်တဲ့လေ...