Mara-16

1.9K 249 43
                                    

အရက်သမားတစ်ယောက်ရဲ့မနက်ခင်းကအရက်နာကျတာမျိူးနဲ့စတာဆိုရင်Taehyungအတွက်ကသိပ်ကိုလွယ်ကူလွန်းတယ်

သို့ပေမယ့်ပုံမှန်သောက်နေကျကော့တေလ်းတွေ ကလေးတောင်သောက်လို့ရတဲ့အရက်အပျော့စားတွေနဲ့ယှဥ်ရင်ဝီစကီဆိုတာကပုံမှန်မှမဟုတ်ဘဲ!

Kim Taehyungရဲ့အကျင့်အရရေချိန်ကိုက်ရင်တောင်ကားမောင်းပြီးအေးအေးဆေးဆေးပြန်နိုင်နေလိမ့်မယ် ဒါပေမယ့်မနက်ကျရင်တော့မိုးနဲ့မြေလိုကွာခြားသွားပြီ အခုမှအရက်သောက်ဖူးတဲ့ဆယ်ကျော်သက်လိုမနက်ဆိုရင်အရက်နာကျတာကိုအလူးအလဲခံရသည်။

တစ်ခါတစ်လေဒီလိုခေါင်းကိုက်မှု့ကြီးကသေလိုက်လို့တောင်ရသည်။ သောက်ရမ်းဆိုးဝါးချက်!

" ချီးဘဲဟေ! အဲ့မှာသေမလိုဘဲ​ဖုန်းခေါ်နေလိုက်!"

အရက်နာကျတဲ့ခေါင်းအုံမှု့ကိုမလွန်ဆန်နိုင်တဲ့အပြင် အိပ်ယာဘေးကဖုန်းမှာTaehyungမနိုးမချင်းခေါ်နေတာကြောင့်ဒေါသတွေလှိမ့်ထွက်လာရ၏

Park jiminလား Min Yoongiလား?

ဘယ်သူဘဲဖြစ်ဖြစ်ဒေါသထွက်ရတာနဲ့တန်အောင်တော့ဆဲပြစ်အုံးမည်

" ဘာလဲ ဘယ်သူလဲ ဘာလို့ဖုန်းကိုသေမလိုခေါ်နေတာလဲ လူမှု့ရေးနားမလည်ဘူးလားဒါလူအိပ်ချိန်ကွ "

" Kim Taehyung! နင်ကောင်းကင်အထိမီးတက်ရှို့ထားပြီးအခုလိုအေးအေးဆေးဆေးအိပ်နိုင်သေးတယ်ပေါ့လေ အေးငါအခုအင်ချွန်းလေဆိပ်ကိုရောက်တော့မယ် နင့်ရဲ့မမြင်သင့်မမြင်အပ်တာတွေကိုအခုရှင်းထား! နင့်အာပါးပါပါလာတယ်သူနင့်ကိုအရမ်းဒေါသထွက်နေတယ်Taehyung "

မနက်စောစောနိုးနိုးချင်းတင် Londonကအမေဖြစ်သူရဲ့လှမ်းဆူဆဲခြင်းခံရတာလောက်ဘယ်အရာကများပျော်စရာရှိသလဲ

ခုနကလေးတင်လောလောလတ်လတ်အရက်နာကျနေတဲ့သူကအမူးပြေဟင်းချိုတောင်မလို

ကုတင်ကနေကုန်းရုန်းထကာနောက်ပြန်ပြင်တစ်ပတ်လှိမ့်ကြသွားရင်းကြမ်းပြင်အောက်ရောက်ကာမှ ဒူး​​လေးထောက်ကာမျက်နှာငယ်လေးဖြင့်ထိုင်နေသည့်ဦးJeonကိုတွေ့ရသည်။

 𝘔 𝘈 𝘙 𝘈 Where stories live. Discover now