တီချယ့်ဆီမှ စာများစွာပို့ထားသည်ကို မြင်သော်လဲ စိတ်ဆိုးစေချင်၍ စာမပြန်ဘဲနေလေသည်။
"မောင်"
"ဘာလို့စာမပြန်တာလဲ"
"ဘယ်သူနဲ့စာပို့နေတာလဲ",
"လပြည့်မောင်"
"မင်းက လိုင်းပေါ်ရှိရက် စာမပြန်ဘူးပေါ့လေ"
တီချယ်စိတ်ဆိုးဟန်ပေါက်နေပြီမို့ စာပြန်လိုက်သည်။
"မဟုတ်ပါဘူးတီချယ်ရယ် မောင်က သူငယ်ချင်းတစ်ယောက်နဲ့ စာပို့နေလို့"
"ဘယ်ကသူငယ်ချင်းလဲ"
"ဟို ဟို"
"ဘယ်က ဟို ဟိုလဲ"
"သင်တန်းက သူငယ်ချင်းတစ်ယောက်ပါ"
"ဘာ"
တီချယ့်ဘက္မှ ဘလော့သွားသည်။
"ဟာကွာ တီချယ့်အိမ်သွားချော့ရတော့မယ် ငါကိုက ရှည်တာ"
နှစ်ဖက်မိဘအသိုင်းအဝိုင်းက သိပြီးသားမို့ ဘယ်သူ့အိမ်မဆို ဝင်ထွက်နိုင်သည်။
R16 ဆိုင်ကယ်ကိုလျှင်မြန်စွာ မောင်းပြီး တီချယ်ရှိရာ ကွန်ဒိုသို့ရောက်ရှိလာခဲ့လေပြီ။တီချယ့်အခန်းသို့ အသွား ဓာတ်လှေကားတွင် တီချယ့်ညီမနဲ့တွေ့သည်။
"ဟဲ့ ဟဲ့ လပြည့်လေး ညည်းမိန်းမဆီလာတာလား"
"ဟုတ်တယ် အစ်မ"
"ရှိတယ်မလားအစ်မ"
"အေးရှိတယ် တက်သွားလိုက်"
"ဟုတ်ဟုတ် သွားပြီနော်" ဟုဆိုကာ မြန်မြန်ပင်ပြေးသွားသည်။
"အော် ဒီကလေးမနဲ့တော့ ဘာတွေများလောနေလဲမသိဘူး" ဟုပြောကာ ကားရှိရာသို့ ထွက်လာပြီးမှ တစ်ခုခုကိုတွေးမိဟန်။
"ဟိုက် မမ လပြည့်ကို စိတ်ဆိုးနေတာထင်တယ် မြန်မြန်ပြေးမှ နိမို့ဆို မမလုပ်လို့ မေမေဝင်ဆွဲနေရတော့မှာပဲ"
ဒီလိုပါပဲ မမက လပြည့်ကိုစိတ်ဆိုးလျှင် လပြည့်က အိမ်ထိလာချော့လေ့ရှိတယ် မမက စိတ်ဆိုးမပြေသည့်အပြင်ရန်ရှာတာမို့ လပြည့်နှင့် အမြဲရန်ဖြစ်ကြသည်။လပြည့်က အလျော့ပေးသော်လဲ မမကတစ်ယောက်ထဲ လပြည့်ကိုရန်ရှာလေ့ရှိသည်။
YOU ARE READING
ပင်လယ်ကြီးသို့ သက်သေတည်၍
Romance"မောင်" "နောက်ဆုံးတော့ ဒီနာမ်စားကို ခင်ဗျားထံကနေပြန်ကြားခဲ့ရပြီ"