ယနေ့ ညနေခင်းဆိုင်ကိုစောစောပိတ်ပြီး စောစောအနားယူဖြစ်သည်။မိုးများဟာလဲ ရွာလုဆဲဆဲပင် အုံ့မှိုင်းနေသည်။
အရင်က ဒီလို မိုးရွာခါနီးအချိန်ဆို တီချယ်ဟာ ကိုယ့်ရင်ခွင်ထဲဝင်ပြီး ချွဲနွဲ့ခဲ့ပုံကိုပြန်တွေးမိတော့ မျက်ရည်စများဟာ လျှံကျလုနီးနီး။
"ဟူးလ် သူရော အခုပျော်နေပါ့မလား"
သူမရှိတော့သည့် ရက်တွေလတွေဟာ ကိုယ့်အတွက်သိပ်အထီးကျန်စရာကောင်းသည်။
သူ့အပြုံးချိုချိုလေးတွေကို အခုချိန် တခြားသူတစ်ယောက်ဟာ တယုတယ ငေးကြည့်နေရောပေါ့။
ဒီလိုနှင့် မဝင်ဖြစ်တာကြာပြီဖြစ်တဲ့ Facebook account ဟောင်းလေးထဲဝင်ကာ Friend ဖြစ်နေဆဲဖြစ်တဲ့ တီချယ့်အကောင့်ထဲကိုဝင်ကြည့်မိတယ်။
သူ့အမျိုးသားနဲ့ပုံတစ်ပုံမျှတင်ထားသည်ကိုမတွေ့ပေ။တွေ့ရသည်မှာ Feel postများသာ။ စာပို့ဖို့ကျန်ရွယ်မိသော်လဲ ပိုင်ရှင်ရှိသည်ဆိုသည့် အသိနှင့် ရိုက်ထားသည့် "အဆင်ပြေလား" ဆိုသည့် စာလေးအား ဖျက်လိုက်ရသည်။
အချိန်တွေဘယ်လောက်ပဲကြာကြာ သူ့ကိုမမေ့နိုင်တာဘာကြောင့်ပါလိမ့်။ကိုယ့်ဘဝရဲ့ အရာရာမှာ သူပထမဆုံးဖြစ်ခဲ့ဖူးသည်။
ကိုယ့်ရဲ့အချစ်ဦးဟာလဲ သူပဲ
ရည်းစားဦးဟာလဲသူပဲ
ကိုယ့်နှုတ်ခမ်းကို ပထမဆုံးနမ်းခဲ့သူဟာလဲသူပဲ
အချစ်ခံရတာဘာဆိုတာသိအောင်ပြပေးတာလဲသူပဲ
သူဟာ အရင်ကရောအခုထိပါ ကိုယ့်ရဲ့ အရာရာကိုစိုးမိုးနေဆဲ။ဒီလိုပြောရလို့ သူ့ပိုင်ရှင်ကိုလဲ အားနာမိရဲ့။အချိန်တွေကြာခဲ့ပြီဆိုပေမယ့် ခုထိ တီချယ့်ကိုမေ့လို့မရသေးပေ အကြောင်းကတော့ မေ့ဖို့လဲ မကြိုးစားခဲ့ခြင်းကြောင့်ပင်။
Instagram က Noti ကျလာလို့ ဝင်ကြည့်လိုက်တော့ မနေ့က ဆိုင်ကိုလာသွားတဲ့ ကောင်မလေးပင်။သူ့အကောင့်ထဲဝင်ကြည့်တော့ ဒီကောင်မလေးတော်တော်ချစ်ဖို့ကောင်းသည်ကိုတွေ့ရသည်။
YOU ARE READING
ပင်လယ်ကြီးသို့ သက်သေတည်၍
Romance"မောင်" "နောက်ဆုံးတော့ ဒီနာမ်စားကို ခင်ဗျားထံကနေပြန်ကြားခဲ့ရပြီ"