2(Uni)

275 16 11
                                    


ရုတ်တရက် အ့ကလေးကနောက်ကလိုက်လာပြီး ချို့လက်ကို လာဆွဲသည်။

"ဘုရား"

မောင်က ဆိုင်ကယ်ပေါ်ကဆင်းလာကာ

"ဟေ့ ကလေး မင်းဒါဘာလုပ်တာလဲ လက်ကိုလွှတ်လိုက်"

မောင်ဟာ အ့ကလေးကိုလက်ကိုစောင့်ကိုင်ကာ ဖယ်လိုက်သည်။

"လာ သွားမယ်"

မောင်သဝန်တိုတာ တဂယ် ချစ်စရာပါရှင်။မျက်ထောင့်နီနီနဲ့ကြည့်ပုံကစ မြတ်နိုးစဖွယ်။

"ဒီညနေ ကျူရှင်မသွားဘူးမလား သဲသဲ သူငယ်ချင်းတွေနဲ့ချိန်းထားတယိဆု‌ိတော့လေ"

"အွန်း မောင် ကျူရှင်ခွင့်ယူထားတယ်"

ဒီလိုနှင့် အိမ်ပြန်ကာ ရေမိုးချိုးပြီး မောင်ပြင်ဆင်ပေးထားတဲ့ ဂါဝန်အနီလေးဝတ်ကာ အလှပြင်နေလိုက်သည်။

"ဝါးး လှလိုက်တာ"

"ကဲ ပိုပြီ"

"မောင်ကတဂယ်ပြောတာ မွ"

"မိတ်ကပ်တွေပျက်ကုန်မယ်လို့ ဟွန့်"

နှုတ်‌ခမ်းလေးဆူကာပြောလိုက်သည်။

"ဟော အချစ်ပိုရပြန်ပြီ"ဟုဆိုကာ နှုတ်ခမ်းနီဘူးကိုကိုင်ကာ ဆိုးလိုက်သည်။

"ဘာလုပ်တာလဲမောင်ရဲ့"

"ဟောဒီ့က နှုတ်ခမ်းနီမဆိုးရသေးတဲ့ နှုတ်ခမ်းလေးကို နှုတ်ခမ်းနီဆိုးပေးမလို့"

မေ့စေ့လေးကိုအသာအယာကိုင်ကာ နှုတ်ခမ်းနီမဆိုးရသေးသည့်နှုတ်ခမ်းဖူးဖူးလေးသို့ အနမ်းလေးပေးလိုက်တယ်။တီချယ်ဟာလဲ အလိုက်သင့်လေး ပြန်လည်တုန့်ပြန်လာတယ်။ဒီလိုအခိုက်အတန့်ကို ဘဝမှာ ရပ်တန့်ထားလိုက်ချင်တယ်။

ပြင်ဆင်ပြီးတော့ ချိန်းထားရာ Chilli BBq and hot pot ဆိုင်သို့....

သူငယ်ချင်းများထိုင်နေသည့် ဝိုင်းကိုတွေ့ပြီမို့ မတွေ့တာကြာပြီ ဖြစ်သည့် သူငယ်ချင်းများကိုပြေးကာဖက်လိုက်သည်။

"ငါကလွမ်းနေတာ သက်ထားရယ်"

"ငါရောပဲ"

မောင်ကတော့ သူငယ်ချင်းတွေ ကြည်နူးနေတာ ကြည့်ရင်း ပြုံးပြုံးကလေးသာ။

ပင်လယ်ကြီးသို့ သက်သေတည်၍Where stories live. Discover now