IAY

74 6 0
                                    


I'm always yours

July 4,2019

"လမ်းခွဲရအောင်"

"ဗျာ!"

ဂျွန်ဆော လက်ထဲ ကိုင်ထားတဲ့ကော်ဖီခွက်ကို အလောတကြီးပြန်ချလိုက်မိတယ်။

"ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင် ဂျွန်"

" ‌စ စနေတာမလား ဟုတ်တယ်မလား ဟျောင်း! "

"ငါစနေတာ မဟုတ်ဘူး ဂျွန်"

"‌ဒါ ဒါဆို ဘာလို့လဲဟျောင်း ရုတ်တရက်ကြီး ကျွန်တော် ဘာအမှားလုပ်မိလို့လဲ အမှားလုပ်မိတာရှိရင် ကျွန်တော် အကုန်ရှင်းပြမှာမလို့ ပြောပြပေးပါ"

"မင်း တကယ်ပဲမသိတာလား မသိချင်ယောင်ဆောင်နေတာလား ဂျွန်ဆော"

ဟျောင်းရဲ့ ဒီလိုဒေါသတကြီး ခနဲ့တဲ့တဲ့ပုံစံကို ပထမဆုံးမြင်ရခြင်းပင်။

"ဂန်ဆယ်ရာ.."

"မင်း သူနဲ့တွဲနေတာမလား"

"" ဗျာ ဟျောင်း ! ဟျောင်း ဘာတွေ ကြားခဲ့လဲ မသိပေမယ့် ဟျောင်း အထင်လွဲနေတာ ကျွန်တော့်မှာ ဟျောင်း တစ်ယောက်လုံး ရှိနေတာကို ဘာလို့ သူနဲ့ တွဲရမှာလဲ ဟျောင်းရယ်"

"ဘယ်ကမှမကြားခဲ့ဘူး ငါမျက်လုံးတွေနဲ့အသေအချာကို မြင်ခဲ့တာ ခေါင်မိုးထပ်မှာ မိုးမမြင်လေမမြင် မင်းတို့ဖက်နေကြတာကိုလေ"

"ဟာ ဟျောင်း အဲ့တာ ...အဲ့တာ ဆယ်ရာက ၀မ်းနည်းနေလို့ နှစ်သိမ့်ပေးရုံတင် အဲ့ထက်မပိုဘူး"

"ဘာတွေ၀မ်းနည်းစရာမလို့ ကြင်ကြင်နာနာဖက်တဲ့ထိများလဲဟင် ပြီးတော့ ဒါတင်မဟုတ်သေးဘူး"

"အရင်လက ငါနေမကောင်းလို့ ဘေးမှာနေပေးပါလို့ တောင်းဆိုခဲ့တာတောင် သူဖုန်းဆက်ခေါ်လို့ မင်းငါ့ကိုထားခဲ့တယ်"

" ဟျောင်း မဟုတ် အဲ့တာ"

"ခဏလေး ဂျွန်ဆော မင်းဒါတွေတင်မကဘူး

ငါတို့ရဲ့ anniနေ့မှာတောင် သူအက်ဆီးဒန့်ဖြစ်လို့ ဆိုပြီး မင်းငါ့ဆီရောက်မလာခဲ့ဘူး အမြဲ ဆယ်ရာနဲ့ပက်သက်လာရင် ငါကအမြဲတမ်းမင်းဆီကအရွေးချယ်မခံရဘူး ငါတကယ်ပင်ပန်းနေပြီ ဂျွန်ဆော မင်းရဲ့ ဂရုစိုက်မှုတွေကိုလည်း သူနဲ့မျှယူရတာကို ငါတကယ်ငြီးငွေ့နေပြီ တစ်ခါတစ်လေ စဉ်းစားမိတယ် ဂျွန်ဆောရယ် ငါက မင်းရဲ့ချစ်သူရော ဟုတ်သေးရဲ့လားဆိုတာ"

I'm always yoursWhere stories live. Discover now