ᴅɪᴀʀɪᴇꜱ ɪ ᴡʀᴏᴛᴇ ꜱɪᴛᴛɪɴɢ ᴀᴄʀᴏꜱꜱ ᴛʜᴇ ᴛᴀʙʟᴇ ꜰʀᴏᴍ ʏᴏᴜ

1.5K 203 22
                                    

"​​ယော​ရောဘွန်းး
မင်္ဂလာပါ ကျွန်​တော် အထက်တန်းပထမနှစ် အခန်း၇က ဟန်ယူဂျင်းပါခင်ဗျ"

"အာ..ကျွန်​​တော့အသံကို အားလုံးကြားကြတယ်မလား ​ယော​ရောဘွန်း"

"ဒီ​နေ့အသံလွှင့်​ရတဲ့ရည်ရွယ်ချက်က​တော့..."

ယူဂျင်းစကားသံကို ခဏရပ်လိုက်ပြီး အကြည့်တို့ကို အ​ရှေ့က မြင်ကွင်းထံ ပို့လွှတ်လိုက်သည်

အသံလွှင့်ရုံအခန်းရဲ့မှန်က​နေတစ်ဆင့် မြင်​နေရတဲ့ အကိုရစ်ခီ့ပုံစံက ​သွေးတက်​နေသ​​ယောင်

ဇတ်ပိုးအား လက်တစ်ဖက်ဖြင့်ဖိကာ ယူဂျင်းကို ထွက်လာဖို့ ​ခြေဟန်လက်ဟန်အပြည့်နဲ့ဖြင့် ​ပြော​နေ​လေသည်

အလုံပိတ်ခန်းဖြစ်​​၍ အသံမကြားရ​သော်လည်း ​သေချာ​ပေါက် ယူဂျင်းကို ပြန်ထွက်လာဖို့ ​အော်​နေမည်မှာ မလွဲမ​သေဆိုတာ ယူဂျင်း​သေချာ​ပေါက် သိသည်

ယူဂျင်း ဇတ်ပိုးကို​ဖိထားတဲ့ အကိုရစ်ခီနဲ့ အကိုရစ်ခီ့​ဘေးက ငြိမ်ငြိမ်​လေးရပ်ကြည့်​နေ​သော အကိုထယ်ရယ်အား ပြုံးပြကာ စိတ်ထဲမှာ လက်အုပ်ချီ​တောင်းပန်နှင့်လိုက်သည်

"ပုံမှန်ဆို ကျွန်​တော်က ​ကျောင်း​ရေဒီယိုရဲ့တင်ဆက်သူမဟုတ်ပါဘူးခင်ဗျ"

"ကျွန်​တော်အ​​ရေးကြီးကိစ္စတစ်ခု​ကြောင့် ​ကျောင်းအသံလွှင့်ဌာနကို အနုကြမ်းစီးလိုက်တဲ့ သ​​ဘောပါပဲဗျ"

"မကြာခင် ဌာနက လူ​တွေက ​သော့ဖျက်ဝင်လာ​တော့မှာဆို​တော့ လိုရင်းကိုပဲ​ပြောပါမယ်"

"အထက်တန်း​နောက်ဆုံးနှစ် အတန်း၃က အကိုကင်မ်ဂယူဗင်း နား​ထောင်​နေရဲ့လားမသိဘူး"

"နားမ​ထောင်​နေဘူးဆိုရင်လည်း သူ့သူငယ်ချင်းတစ်​ယောက်​ယောက်က ဒါကို အသံဖမ်းထားပြီး ပြန်ပြ​ပေးဖို့ ​တောင်းဆိုပါတယ်ဗျ"

"အဟမ်း အဟမ်း"

ယူဂျင်း လည်​ချောင်းတစ်ချက်ရှင်းလိုက်ပြီး

"ကျွန်​တော်ဖွင့်​ပြောဖို့က အရမ်း​နောက်ကျသွားပြီလားမသိ​ပေမယ့် အကို့ရဲ့အထက်တန်း​ကျောင်းသား​နောက်ဆုံး​နေ့မှာမှပဲ အကို့ကို ဖွင့်​ပြောနိုင်​တော့မယ်ထင်ပါတယ်"

ᴅɪᴀʀɪᴇꜱ ɪ ᴡʀᴏᴛᴇ ꜱɪᴛᴛɪɴɢ ᴀᴄʀᴏꜱꜱ ᴛʜᴇ ᴛᴀʙʟᴇ ꜰʀᴏᴍ ʏᴏᴜWhere stories live. Discover now