Milkshake Met Americano

1.3K 100 16
                                    

"ကြိုဆိုပါတယ်"

Cafe တံခါးပွင့်သွားတာနဲ့တစ်ပြိုင်နက် ခေါင်းလောင်းသံနဲ့အတူ Han Yujin လို့ ရင်ဘတ်မှာ တံဆိပ်တပ်ထားတဲ့ ကောင်လေးဆီက အသံစာစာလေး ထွက်လာလေသည်။

"လူကျနေလား Yujinnie"

"အော် Ricky Hyung မကျပါဘူး ဘာသောက်မလဲ ပုံမှန်ပဲလား"

"အင်း"

Yujin ကိုစကားပြောပြီးတော့ Ricky သူထိုင်နေကြ အလင်းကျင့်ကျင့်ပဲရှိတဲ့ ထောင့်လေးမှာထိုင်ရင်း အသင့်ယူလာတဲ့ စာအုပ်ခပ်ထူထူကို ဖတ်နေတော့သည်။

Yujinnie ရဲ့ 'Say Yes!' လို့အမည်ရတဲ့ Cafe လေးက Ricky အတွက်တော့ နိဗ္ဗာန်ပင်။ ဆိတ်ငြိမ်ရပ်ကွက်မှာ ဖွင့်ထားတာမို့ သီချင်းသံခပ်အေး‌အေးကလွဲပြီး ကျန်တဲ့အသံတော်ရုံမကြားရ။

Coffee နံ့တွေကို သဘောကျတဲ့ Ricky က Coffee မသောက်နိုင်ပင်မယ့် Strawberry Milkshake ‌တစ်ခွက်နဲ့အတူ စာအုပ်ဖတ်ရတာကိုတော့ သဘောကျသည်။

ဒါမှမဟုတ် Coffee နံ့ခပ်သင်းသင်းလေးရှိတဲ့ လူတစ်ယောက်ကို သဘောကျတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့။

"ရပါပီ"

"ကျေးဇူး Yujin-zhen"

Yujin လာချပေးတဲ့ Milkshake ကိုသောက်ရင်း စာဖတ်နေတုန်း ကြားလိုက်ရတဲ့ ခေါင်းလောင်းသံကြောင့် Ricky ခေါင်းထောင်ကြည့်မိသွားသည်။

☕︎☕︎☕︎☕︎☕︎

အပြင်ဘက်မှာ မိုးစို့စို့ရွာနေတာမို့ အနည်းငယ်စိုလာပုံရတဲ့ ထိုလူဟာ Yujin ကို Coffee မှာရင်း သူ့ဘက်ကို အကြည့်ဝဲလာတာမို့ မြန်မြန်ငုံ့လိုက်ရသည်။

သူတို့နှစ်ယောက်က ဒီဆိုင်လေးရဲ့ ပုံမှန်ဖောက်သည်တွေဖြစ်သည်။ နေပူပူ, မိုးရွာရွာ၊ လေတိုက်တိုက်၊ မုန်တိုင်းကျကျ တနင်္ဂ‌နွေနေ့ နေ့လည်နှစ်နာရီထိုးတိုင်း ရောက်လာတဲ့သူတွေက ပြေးကြည့်စရာမလိုအောင် သူတို့ဖြစ်သည်။

ရာသီဥတုမကောင်းတဲ့ရက်တွေမှာဆို ဆိုင်အတွင်း ထိုလူ၏ Laptop စာရိုက်သံနှင့် သူ၏ စာရွက်လှန်သံများကိုသာ ကြားရတတ်သည်။

ထိုလူ့နာမည်ကို သူမသိ။ ဘာလုပ်လဲ စိတ်မဝင်စား။ သို့သော် တနင်္ဂနွေနေ့ နေ့လည်နှစ်နာရီတွင် ထိုလူမပေါ်လာပါက သူမျှော်နေတတ်၏။

Milkshake Met AmericanoWhere stories live. Discover now