Milkshake Met Americano ↺ Extra

336 3 0
                                    

"Quanrui အိပ်မယ်ဆို ‌သေချာအိပ်"

"အိုက်ပါတယ်ဆိုနေ ချွေးတွေနဲ့လို့..!!"

"Aircon မြှင့်ပေးမှာမို့ စောင်ခြုံထား"

'စဉ်းစားအုံးမယ်' ဆိုပြီး မူယာမာယာများသွားတဲ့ Ricky က နှစ်ပတ်တောင်မပြည့်ခင်မှာ အဖြေပြန်ပေးတာမို့ သိပ်သဘောမတူရှာတဲ့ နှစ်ဖက်မိဘကလဲ Ricky ကို သူ့အိမ်တစ်ခါထဲပို့ထားလိုက်တော့သည်။

အခုဆို သူကလေးထိန်းနေရတာ သုံးလနီးနီးရှိပီဖြစ်သည်။ သုံးလအတွင်း တစ်စတစ်စပိုပိုမြင်ရလာတဲ့ Quanrui ရဲ့ ချစ်စရာအကျင့်လေးတွေကလဲ မရေတွက်နိုင်အောင်ပင်။

တစ်ခုကတော့ ဘယ်တုန်းကပေါ်တဲ့ အကျင့်မှန်းမသိပင်မယ့် နေ့လည်မကျညနေမကျဆို ဒီကလေးကကောင်းကောင်းအိပ်ပျော်တတ်သည်။

ခုလဲ အိပ်ယာပေါ် စောင်မခြုံဘာမခြုံနဲ့ ကန့်လန့်ကြီးအိပ်နေတာမို့ ဇာတ်နာမှာစိုးတဲ့သူကပဲ အလုပ်လုပ်နေရင်းကနေ နေရာပြန်ချပေးရပြန်သည်။

"အင်္ကျီကြီးကမပူဘူးလား နည်းနည်းအေးတဲ့အသားလေးပြောင်းဝတ်မလား ကိုယ်ထုတ်ပေးမယ်"

"ဟင့်အင်း နွေးတယ်"

ဆိုဒ်အနည်းငယ်ကြီးနေတဲ့ အစိမ်းရောင်ဟူဒီလေးထဲ လက်ဖျားလေးတွေပါမြုပ်နေပုံက ကြောင်ပေါက်လေးသဖွယ်။

အဖြူရောင်၊ အနက်ရောင်တွေ အဝတ်များတဲ့ကလေးက သူ့အင်္ကျီတွေယူဝတ်ရင်းနဲ့ အခုဆို အစိမ်းရောင်လေးတွေနဲ့ပါ ပုံမှန်မြင်နေရပီဖြစ်သည်။

"မီးပိတ်ပေးနော် ခင်ဗျားကတော့အလုပ်ခန်းထဲလစ်"

"လစ်စရာလား တူတူအိပ်မှာပေါ့ ဟိုဘက်တိုး"

"မနက်ကပြောတော့ အလုပ်ရှုပ်နေတာဆို"

"အခုမရှုပ်တော့ဘူး ဒီကိုလာ"

စောင်ဖြူဖြူအောက်ထဲဝင်ရင်း ရင်ခွင်ကိုဖွင့်ပေးတော့ ချက်ချင်းပင် ဝင်ရောက်လာတဲ့ ခေါင်းဖြူလုံးလေး။

ကြောင်‌ပေါက်လေးလို သူ့လည်ပင်းကို ခေါင်းနဲ့တိုးကာ နေရာကျတော့မှ ငြိမ်သွားတဲ့ခေါင်းလုံးလုံးလေးကို အနမ်းတစ်ချက်ပေးတော့ စတော်ဘယ်ရီနံ့လေးက နှာခေါင်းဖျားနား တဝဲလည်လည်။

Milkshake Met AmericanoWhere stories live. Discover now