LOvER 2.1

102 10 38
                                    

1.0

တက္ကသိုလ်ရောက်ရင် ရည်းစားရကိုရမှာဆိုပြီးအကုန်လုံးက အီဒါအူးလ်ကို ဦးနှောက်ဝိုင်းပြီးဆေးပေးလိုက်ကြသည်။အထက်တန်းက ဆရာ၊ဆရာမတွေအပြင် ဒါအူးလ်မေမေကပါအစစ်ပါပါသေးတယ်။

တကယ်တမ်းကျ တက္ကသိုလ်သာရောက်လာတယ် ရည်းစားဆိုလို့ မူးလို့ရှူစရာတောင်မရှိခဲ့ဘူး။အကုန်လုံးက ပထမနှစ်နဲ့တင်ချစ်သူကိုယ်စီနဲ့ဖြစ်နေကြပြီး သူ့ကျမှဘာလို့လဲ စဥ်းစားမရပေ။

" ဟူး တစ်နေ့တစ်နေ့ စာနဲ့စာပဲ!! ဒီလိုလုပ်နေဖို့ အထက်တန်းတုန်းက စာကြိုးစားခဲ့ရတာလား ဟမ် ! "

တစ်ကိုယ်တည်းရေရွတ်ရင်း ဒီနှစ်လည်းစာနဲ့ပဲ နှစ်ပါးသွားရမယ်လို့ထင်ရတဲ့ ဒါအူးလ်ဟာ ဒီနေ့ကိုတော့ ကြိတ်ပြီး စိတ်လှုပ်ရှားနေပါသည်။

ဘာလို့ဆိုဒီနေ့ဟာဒါအူးလ်အတွက်တော့ ဒုတိယနှစ်ရဲ့ ပထမဆုံးနေ့ဖြစ်ပြီး ကျောင်းသားသစ်တွေအတွက်တော့ ပထမဆုံး semester တစ်ခုရဲ့အစနေ့မလို့ပါပဲ။အနည်းဆုံးတော့ လူသစ်ကလေးတွေနဲ့တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ တက္ကသိုလ်မှာရည်းစားထားပြီး တီတီတာတာတွေလုပ်မယ့်plan စတင်နိုင်မလားဆိုတာကြောင့်ပဲဖြစ်ပါသည်။

အဲ့တာကြောင့် ငြီးငြူမနေတော့ပဲ လုပ်စရာရှိတာ မြန်မြန်လုပ်ရင်း သူ့ရဲ့မနက်စာကိုလည်းမလွတ်စေခဲ့ပါ။ငယ်ငယ်တည်းက မေမေက မနက်စာစားတဲ့အကျင့်လုပ်ပေးခဲ့တာကြောင့်ဒါအူးလ် မနက်စာကိုတော့အလွတ်မခံဖူးပါ။

Uni ကိုမြန်မြန်ရောက်ဖို့ စိတ်လောနေတဲ့ ဒါအူးလ်ဟာ စီးရမယ့် Bus မှီအောင် အပြေးအလွှားလာရင်း ရုတ်တရက်သူ့ရှေ့ကလူတစ်ယောက်ကိုတိုက်မိခဲ့ပေမယ့်
အဲ့ဒီအရပ်ရှည်ရှည်နဲ့လူကပဲ အရှိန်ထိန်းထားပေးခဲ့တာမလို့ လမ်းပေါ်ကိုတော့ပြုတ်မကျခဲ့ပါ။

အလျင်လိုနေတဲ့သူ့ကြောင့် တိုက်မိတာမလို့ ပြဿနာရှာခံရပြီထင်ထားတဲ့ ဒါအူးလ်ဟာတောင်းပန်ဖို့ အတတ်နိုင်ဆုံးမျက်နှာငယ်လေးလုပ်ရင်း တောင်းပန်စကားပြောဖို့မော့အကြည့်

မနက်ကထပ် ၂ဆခုန်လာတဲ့ သူ့နှလုံးဟာ
လန့်သွားလို့မဟုတ်သလို ပြဿနာရှာခံရမှာဆိုးလို့လည်းမဟုတ်ခဲ့ပါ။ဒီတိုင်း... ဒီတိုင်း
သူ့ရှေ့က ကောင်လေးရဲ့ချစ်စရာကောင်းမှုတွေမှာ ပျော်ဝင်သွားလို့။အဲ့ဒီလူမဟုတ်ပဲ အဲ့ဒီကောင်လေးပဲ။

LOvER 2.1Tempat cerita menjadi hidup. Temukan sekarang