Zawgyi
တချို့သောသူတွေရဲ့အချစ်ကလှပပြီး
တစ်ချို့သောလူတွေရဲ့အချစ်ကကျဘာလို့မလှရတာလဲ
မေတ္တာဆိုတာ တဦးကပေးရင်တစ်ဦးက
လက်ခံပြီးပြန်ပေးရတာမျိုးမလား
ဒါပေမယ့် တစ်ချို့သောမေတ္တာတွေက
တစ်ဦးကပဲပေးပြီး တစ်ဦးရဲ့မပေးတဲ့မေတ္တာတွေကို
ထိုင်စောင့်နေရတာမျိုးပဲ......
ဘယ်လောက်ပဲထိုင်စောင့်နေပါစေဦးတော့
မေတ္တာမပေးနိုင်တဲ့သူဆီကနေ ဘယ်တော့မှ
ကိုယ်လိုချင်တဲ့မေတ္တာပြန်ရမှာမဟုတ်ဘူးဆိုတာ
ကိုယ်တို့လူသားတွေသိစေချင်တယ်......
အချစ်ရေ...ဒီကမ္ဘာကြီးကကိုယ်ပျောက်ကွယ်သွားရင်တောင်
မင်းရဲ့မေတ္တာကို ကိုယ့်စိတ်ဝိညာဉ်လေးကထိုင်စောင့်နေဦးမှာကွယ့်......
{စိတ်၏ပျော်ဝင်ခြင်းးးး}
"ယောင်းရေ ကိုယ်လာတယ်"
"ကိုရေ ဆောကနိုင်ငံခြားသွားတော့မှာတဲ့"
"ဟုတ်လားးဘယ်နေ့သွားမှာလဲ"
"နောက်လထဲလို့တော့ပြောတာပဲ ဒါနဲ့ကိုဘာလို့မနေ့ကမလာတာလဲ"
"ကိုယ်အရေးကြီးကိစ္စလေးပေါ်လာလို့ လမ်းတဝက်ကနေပြန်သွားလိုက်တာ"
"အော် ယောင်းတို့ကမျှော်နေတာ"
"အင်းဒါနဲ့ ကိုယ်ယောင်းကိုမေးစရာရှိတယ်"
"မေးလေကို"
"ယောင်းကိုယ့်ကိုတစ်ကယ်ရောချစ်ရဲ့လား"
"ဟမ်??ဘာလို့အဲ့လိုမေးတာလဲ"
"ကိုယ်မေးတာကယောင်းကိုယ့်ကိုချစ်လားလို့"
"အမ်......အ့...အဲ့ဒါက ချစ်တာပေါ့ကိုရယ် ချစ်လို့ယောင်းတွဲတာပေါ့"
"ဒါပေမယ့်ကိုယ့်ကိုအခုချိန်ထိယောင်းဘက်ကချစ်တယ်ဆိုတဲ့စကားမပြောဖူးဘူးနော်"