Unicode
အချစ်တွေကသန်မာရင် စစ်မှန်ရင် တနေ့တော့ဆုံစည်းရမယ်မဟုတ်လားး
အခုချိန်မှာတော့ အချစ်က ကိုယ့်အပေါ်ကို
အရမ်းစိမ်းကားပီး မုန်းတီးနေရှာတယ်လေ
မျှော်မှန်းချက်သေးသေးလေးကိုစုတ်ကိုင်ပီး
ရှေ့ဆက်နေရတာ လွယ်တယ်များထင်နေလားအချစ်ရယ်.......
မင်းကတော့ဘယ်သိပါ့မလဲ ကိုယ်ကတော့
မင်းအတွက်နဲ့ရူးလို့.....
_________________________________
စိတ်၏ပျော်ဝင်ခြင်းဒီနေ့က ကိုရီးယားကိုပြန်ရောက်လာတဲ့ပထမဆုံးနေ့
ဒီနေ့တော့ဘာမှမလုပ်သေးဘဲ
လျှောက်လည်ပစ်မယ်လို့စိတ်ကူးထားတယ်
ဟိုမှာနေတော့လဲအလုပ်အလုပ်နဲ့
ဒီပြန်ရောက်တော့လဲအလုပ်ကလုပ်ရမှာပဲလေ
ဒါပေမယ့်တော့ မလုပ်ချင်သေးဘူးစိတ်လေးကိုအပန်းဖြေချင်သေးတယ်
ပီးတော့အကိုဂျွန်းကိုလဲ ကိုရီးယားရဲ့အလှတေကိုပြရမယ် သူလဲဟိုမှာပဲနေနေတော့ ကိုရီးယားရုပ်တောင်မပေါက်တော့ဘူး ယောင်းကိုလဲဖုန်းဆက်ခေါ်ထားတယ် ယောင်းကတော့မပါမဖစ်ကိုယ့်သူငယ်ချင်းလေးးပေါ့"အကိုဂျွန်း အဆင်သင့်ဖစ်ပီလား"
"ဖစ်ပါပီဗျာ ဒါနဲ့အန်တီကမနက်စာစားသွားတဲ့လေ"
"မစားတော့ဘူးလေ အမေ နောက်နေ့မှစားမယ်နော် ဒီနေ့ဆိုင်ထိုင်ချင်လို့လေနော်"
"အေးအေးမစားဘူးဆိုလဲသွားကြ ဂရုစိုက်သွားကြအုံးနော် သားဂျွန်း ညီမလေးတွေကိုဂရုစိုက်ပေးပါအုံးကွယ်"
"ဟုတ်ကဲ့ပါဗျ အခုသွားကြမယ်လေဆော ဘယ်ကိုအရင်သွားမလဲ"
"အမ်...ယောင်းအိမ်ကိုအရင်သွားမယ် သူ့ကိုလာခေါ်မယ်ပြောထားတယ်"
"ဟုပါပီဗျာ locationနှိပ်လိုက်အုံးဆော"
"ဟုတ်ကဲ့"ဒီလိုနဲ့ယောင်းဆီကိုသွားခဲ့တယ် ယောင်းကကျောင်းပီးသွားတဲ့နောကိပိုင်းအလုပ်လုပ်နေတော့တယောက်ထဲနေနေတာလေ
တခါတလေယောင်းကိုဖုန်းဆက်ရင် ဟိုဆော့လဲရှိနေတက်တယ် တခါမှတော့ဖုန်းဝင်မပြောဘူး သူ့ကိုဆက်ရင်တောင်ဖုန်းကိုပိတ်ပိတ်ပစ်လိုက်တယ်လေ နောက်ပိုင်းကိုယ်လဲမဆက်ချင်တော့ဘူး ဘာလို့ဆိုကိုယ့်တွက်ကြောင့်နဲ့စိတ်အနှောင့်အယှက်ဖစ်နေမှာစိုးလို့လေ အခုဆိုအဆက်သွယ်မရှိတာ နှစ်နဲ့တောင်ချီနေပိ အခုယောင်းဆီကိုလဲရောက်မနေဖို့ဆုတောင်းပါတယ် ကိုယ့်အတွက်တော့ဘာမှမဖစိပေမယ့်သူတွက်ကတော့ကိုယ်ကအနှောင့်အယှက်ပဲလေ