Unicode
အများရီးပြောပြနေစရာအောင်
မလိုတဲ့ ချစ်ခြင်းတွေက တကယ်ကိုလေးနက်တယ်
ကိုယ့်ဘက်ကပြောပြနေမှသိတဲ့
ချစ်ခြင်းဆိုတာက ကိုယ့်ကိုတန်ဖိုးမထားရာရောက်တယ် တန်ဖိုးမရှိလဲ ချစ်တဲ့သူက
ချစ်နေဦးမှာပဲ တန်ဖိုးရှိလဲချစ်နေမှာပဲလေ
ကိုယ်လဲတူတူပဲအချစ်ရေ
မင်းကိုယ့်ကိုချစ်သည်ဖြစ်စေမချစ်သည်ဖြစ်စေ
ကိုယ်ကတော့ချစ်နေပီး မင်းကိုယ်ပဲစောင့်နေဦးမှာပဲ(စိတ်၏ပျော်ဝင်ခြင်း)
မနေ့ညထဲက စိတ်ထဲမှာ ခံစားချက်တွေမကောင်းခဲ့ ဘာလုပ်လုပ် စိတ်မပါသလိုခံစားနေရတယ်
ဒါ့ကြောင့်ဒီနေ့တော့ အလုပ်နားလိုက်မယ်ဆိုပီး
ဟိုဆော့တယောက်တွေးရင်းဖြင့်
အိမ်အောက်ထက်သို့ဆင်းလာခဲ့သည်
မနက်စာစားဖို့တခုခုလုပ်လိုက်ပီးး
ဖုန်းလာလို့ကောက်ကိုင်လိုက်သည်"Hello ဘယ်သူလဲဗျ"
"......"
တစ်ဖက်ကဘာမှပြန်မပြောတာကြောင့်
ဟိုဆော့ဖုန်းနံပါတ်ကိုပြန်ကြည့်မိတယ်"Hello ဘယ်သူဆက်နေတာလဲဗျ"
"နေကောင်းရဲ့လားဟိုဆော့"
တဖက်သူရဲ့အသံကိုကြားလိုက်တာနဲ့ ဟိုဆော့ဘယ်သူလဲဆိုတာ သိခဲ့ပီ
"အင်း"
အလိုမကျတဲ့အသံဖြင့် "အင်း"ဆိုပီးထွက်လာတဲ့ ဟိုဆော့အသံကိုသူမ မကြိုက်
သူမ လိုချင်ခဲ့တာက ချိုသာသောအသံဖြင့်ဖြေခြင်းကိုပဲလိုချင်ခဲ့သည်"အဆင်ရောပြေရဲ့လား"
"ငါအဆင်ပြေလာမပြေလားမင်းသိမှာပေါ့"
"ငါက...ဘယ်လိုသိမှာလဲ"
"hkအပိုတွေ ငါ့ကို အပိုစကားတွေလာမပြောနဲ့ဆောယွန်း"
"ဘာလို့နင်ကငါ့ကိုအ့လိုတွေပြောနေရတာလဲဟင် ငါနင့်ကိုအဆင်ပြေလားလို့မေးတာကအခြေအနေတော်တော်ဆိုးလို့လား"
"ဆိုးတယ် မင်းအဲ့လိုမေးရင် ငါ့အဆင်မပြေမှုကပိုပြီးဖြစ်ပေါ်လာတယ်ဆိုတာမင်းသိလား"
"အခုငါသိပါပီ ဟိုဆော့ငါနင့်ကိုပြောစရာရှိသေးတယ်"
"ဘာလဲမြန်မြန်ပြော"