'အမျိုးသားတစ်ယောက်က မင်းကို တစ်သက်လုံးစောင့်ရှောက်ပေးမယ်လို့ ကတိပေးခဲ့ရင် မင်းသူ့ကို ယုံလို့မဖြစ်ဘူးနော်...
သူက Vampireဟုတ်မနေသ၍ပေါ့..."ထိုလူရဲ့အသံက ရေခဲပြင်ခပ်ပါးပါးလို ပါးလျကာ အေးစက်နေတယ်။ လုပ်ယူထားတဲ့ အေးစက်မှုမျိုးထက် အသွေးအသားထဲက အေးစက်ခြင်းမျိုးနဲ့ပေါ့။ ထိုလူရဲ့ နှုတ်ခမ်းတွေက နီရဲစွေးနေခဲ့ပြီး မျက်နှာပေါ်မှာ အနီရောင်သွေးကြောအချို့ရှိနေကြတယ်။ အဲ့ဒီလို တန်ဖိုးကြီးပြီး လှပတဲ့မျက်နှာကို ထောက်ပံ့ပေးထားတာက သမုဒ္ဒရာအောက်ဖျားလို ပြာလဲ့နေတဲ့ မျက်ဝန်းတွေနဲ့ ရွှေရောင် အနောက်ကို သပ်လှန်ထားတဲ့ ဆံပင်တွေ...။
"ဘာလို့ဆို လူသားတွေရဲ့ တစ်သက်တာဆိုတာက ဘယ်လောက်အထိ ရှည်လျားနိုင်မှာမလို့လဲ..."
သူကနူးနူးညံ့ညံ့ပြုံးပြီး ရှေ့က ကြောက်ရွံ့နေတဲ့ မိန်းကလေးဆီကို တိုးကပ်လိုက်တယ်။ သူ့ရဲ့ချွန်မြတဲ့ သွားစွယ်တွေကို လျှာနဲ့တစ်ချက်သပ်လိုက်ပုံက အသည်းအေးစရာ...။ ရှေးဆန်တဲ့ organသံက ဘုရားကျောင်းထဲမှာပျံ့နှံ့နေပြီး ငွေရောင်ချိုးငှက်တွေက ပြတင်းပေါက်အပြင်ဘက်ကို ထိတ်လန့်တကြား ပြေးသွားကြတယ်။
"Cut!..."
ဒါရိုက်တာရဲ့ တားမြစ်လိုက်တဲ့အသံကို မကြားခင်လေးအထိ Jakeအတွက် အရာအားလုံး အဆင်ပြေနေခဲ့တာပါပဲ။ မကြာခင်မှာတင် ရှေ့ကကောင်မလေးကို ဖမ်းချုပ်ကာ လည်တိုင်ထဲ သူ့အစွယ်တွေထိုးစိုက်ပစ်ဖို့တောင် အသင့်ဖြစ်နေခဲ့ပြီလေ။ အဲ့ဒီနောက် ဒါရိုက်တာက လက်ထဲက ဇာတ်ညွှန်းစာရွက်ကို ကိုင်လာပြီး Jakeတို့အနားရောက်လာတယ်။ အရာအားလုံး အေးဆေးနေခဲ့သည့်တိုင် သူ့ပုံစံက သုတ်သီးသုတ်ပြာ။
"နည်းနည်းလောက် အသက်ဝင်အောင်လုပ်ပါဦး ဂျယ်ယွန်းရဲ့..."
"အသက်ဝင်ရမယ်?..."
Jakeနားမလည်စွာ ခေါင်းကို စောင်းလိုက်တယ်။ ဒါရိုက်တာက ဒီတစ်ခါ သူ့ကို လက်ဟန်ခြေဟန်နဲ့ ရှင်းပြပေးလာတယ်။
"မင်း ပိုပြီး ကြောက်ဖို့ကောင်းရမယ်...
မင်းပုံစံက လူပေါ့ကြော့သခင်လေးလိုပဲ သွေးစုတ်ဖုတ်ကောင်တစ်ကောင်နဲ့မတူဘူး..."