Unicode
မချစ်ရင် ပူလောင်မှုကင်းမယ် ထင်ခဲ့ပေမယ့်
ချစ်ရက်နဲ့ မချစ်ချင်ယောင်ဆောင်ရတာက
ပိုပူလောင်တာပါလား....~
ပြီးဆုံးသွားတဲ့ ချယ်ရီပန်းပွဲတော် နဲ့အတူ
သူနဲ့ ဂျောင်ဝူးရဲ့ဇာတ်လမ်းကလည်း ပြီးဆုံးသွားဖို့ကြိုးမျှင်လေးတစ်ခုစာသာ လိုတော့သည်။
မမျှော်လင့်ခဲ့မိတဲ့ အစပြုခြင်းနဲ့ မမျော်လင့်ခဲ့မိတဲ့
ခံစားချက်တွေက လစ်ဟင်းနေတဲ့ သူ့ဘဝကို
ထပ်မံနာကျင်စပြုလာသည်။သူလက်လွှတ်လိုက်သင့်လား..."ဂျယ်ဟျော့..နေမကောင်းဘူးလား ငါဘာလုပ်ပေးရမလဲ"
စာရွက်စာတမ်းတွေကို လက်မှတ်ထိုးနေသည့်
ဂျယ်ဟျော့ရှေ့အား ချောကလက်ကိတ်လေး ချပေးကာ စကားစလာသူက အာဆာဟိ။"မလိုပါဘူး အာဆာဟိ ငါအဆင်ပြေတယ်"
"မင်းအဆင်မပြေနေတာ တစ်လကျော်နီးပါးရှိနေပြီဆိုတာ ငါသိတယ်ဂျယ်ဟျော့"
"......"
"ရူတိုကြောင့်ဒီလိုဖြစ်နေတာ မဟုတ်မှန်းလည်း
ငါသိတယ်""အာဆာဟိ.."
"မင်း ပတ်ခ်ဂျောင်ဝူးကို ချစ်နေတာလား ဂျယ်ဟျော့"
ဂျယ်ဟျော့ သက်ပြင်းကို တိုးလျစွာ ချရင်း-
"ငါမသိဘူး အာဆာဟိ"
"ဟုတ်နေတာပဲ မင်းမငြင်းဘူး"
"ငါသူ့ကို ငါ့ကြောင့်နဲ့ ဒုက္ခမရောက်စေချင်ဘူး အာဆာဟိ..."
မျက်နှာလေးညှိုးကာ ဖုန်းကိုပဲ စိုက်ကြည့်နေတဲ့
ဂျယ်ဟျော့ကြောင့် သူပါဝမ်းနည်းမိသည်။
ဘယ်သူက ကိုယ်ချစ်ရတဲ့သူ မျက်နှာညှိုးနေတာ
မြင်ချင်ပါ့မလဲ။"ဂျယ်ဟျော့ဂီ မင်းသူ့ကိုတကယ်ချစ်တာလား.."
"အင်း ဒါမဲ့ မဖြစ်မှမဖြစ်နိုင်တာ"
"ဂျယ်ဟျော့ရား ချစ်ရင်ချစ်တယ်ပေါ့ကွာ ဘာကိုမဖြစ်နိုင်ရမှာလဲ...မင်းလည်းပျော်သင့်ပါတယ် အဲ့ကလေးက မင်းကိုတကယ်ချစ်လောက်မှာပါ..
"ငါအချိန်ယူရဉီးမယ် အာဆာဟိ"
"မင်းသဘောပါပဲ ပျော်ရမဲ့လမ်းကိုပဲရွေး
ငါစိတ်ပူရအောင်မလုပ်နဲ့"
YOU ARE READING
𝐄𝐲𝐞𝐬 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)