𝟏𝟎

211 22 0
                                    

ဘာမှမလိုပါဘူး မင်းကိုပဲ လိုတယ်~~~

~

"အဖေ..."

ဂျီဟွန်းနှုတ်မှ ထွက်သွားသည့်နာမ်စားကြောင့်
အဖေက ပြုံးကာ..

"ကျွန်တော် ပြောလို့ရမလား တရားသူကြီးမင်း"

တရားသူကြီးမင်းက ခေါင်းငြိမ့်ပြသည်။ဂျောင်ဝူးက အရှေ့မှ ထွက်လာပြီး အဖေက သူ့ရပ်ခဲ့တဲ့နေရာမှာသွားရပ်နေသည်။

"ဆေးသက်သေနဲ့တကွ ဖြေဆိုမှာမို့ လိမ်ခဲ့တာရှိရင် ရှေ့နေအရင်ပြောလို့ရပါတယ်"

"ရှေ့နေကို တရားခံရဲ့သက်သေက ချိန်းခြောက်မှု ကျူးလွန်ချင်နေပါတယ် တရားသူကြီး"

တစ်ဖက်ကရှေ့နေဘက်က တစ်ခြားရှေ့နေက ဝင်ပြောသည်။

"ရှေ့နေဘန် သက်သေပြပေးပါ"

ဘန်ရယ်ဒမ်က သက်သေတစ်ချို့ကိုတရားသူကြီးမင်းလက်ထဲ ထည့်ပေးလိုက်သည်။

"ကင်မ်ဆိုရာမင်က ဒီဆေးတွေကို ဘယ်အချိန်ကတိုက်ခဲ့တာလဲ"

တရားသူကြီးဘေးက လူက မေးသည်။

"အတော်ကြာခဲ့ပါပြီ ကျွန်တော်အခုတောင် မှတ်ဉာဏ်မှတ်မိဖို့ အတော်ကြိုးစားလိုက်ရပါတယ်..ပြီးတော့ တရားသူကြီးမင်း..ရှေ့နေတွေ
လိမ်လည်ရင် ဘယ်ပုဒ်မနဲ့ထောင်ကျနိုင်ပါသလဲ"

"***နဲ့ ထောင်*ကျပြီး ရာထူးဖြုတ်ပစ်တယ်"

"ကင်ဆိုရာမင်ရဲ့ လိမ်လည်မှုတွေမပေါ်ရတဲ့အကြောင်းအရင်းက နောက်ကွယ်မှာဖုံးပေးတဲ့လူရှိနေမယ် သေချာသလောက်ပဲမလား"

"မစ္စတာပတ်ခ် ဘာကိုပြောချင်တာပါလဲ"

ဘန်ရယ်ဒမ်ကမေးတော့ မစ္စတာပတ်က ပြုံးပြီး
တစ်ဖက်က ရှေ့နေဘက်ကိုလှည့်ကာ

"ကင်မ်ဆိုရာမင်ရဲ့ ရှေ့နေ တစ်နည်းအားဖြင့်
သူ့အမျိုးသားဖြစ်တဲ့ ရှေ့နေ David ကတော့နားလည်ပါလိမ့်မယ်"

"မစ္စတာပတ်ခ် လိမ်လည်မှုရောအသရေဖြတ်မှုရောနဲ့ထောင်ကျဖို့က များပါတယ်"

"ဒီဓာတ်ပုံကို ရှေ့နေရော တရားသူကြီးမင်းကိုရောပေး ပေးပါ"

𝐄𝐲𝐞𝐬 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now