အချစ်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာလေးက
နေပျော်ချင်စရာပါပဲ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငှက်ကလေးတွေရဲ့ တကျီကျီအသံလေးတွေနဲ့
ရေတံခွန်ကနေ စီးကျနေတဲ့ ရေသံလေးတွေနဲ့
ပြည့်နက်နေတဲ့ အရပ်ကလေးမှာ ကောင်လေး
10ယောက်ပါတဲ့ကားလေးဟာ ရပ်သွားသည်။ဂျယ်ဟျော့ ကားထဲမှ ဆင်းရင်း လေကိုအဝရှူလိုက်သည်။အစက 12 ယောက်လာဖို့စီစဉ်
ထားပေမယ့် ဘန်ရယ်ဒမ်က ဂျပန်မှာ သတို့သား
သွားတွေ့ရမှာမို့ မလိုက်လာခဲ့ပေ။"ဂျယ်~~ ဝင်နှင့်လိုက်လေ ကျွန်တော် ပစ္စည်းတွေသယ်ခဲ့မယ်"
"အိုကေ တံတားကရေစိုနေတယ်ထင်တယ်
ဂရုစိုက်ပြီး လာခဲ့ Honey"လူတွေရှေ့မို့ ရှက်လို့"မောင်"လို့မခေါ်ဘဲ
သူစိတ်ကျေနပ်အောင်တော့ Honey လို့ခေါ်တဲ့
လူကြီးပေါက်စ ချစ်စရာလေး။"ဂယူ~~ ကိုယ်သယ်ခဲ့မယ်"
"အော် သယ်လေ"
ခပ်ချေချေပင် ဂျယ်ဟျော့နောက်က လိုက်သွားတဲ့ဂျွန်ဂယူကိုကြည့်ရင် ဟာရူတိုကတော့ ပြုံးပြုံးကြီးပင်။
"ကိုကို သွားနှင့်လိုက် ကိုယ်သယ်ခဲ့မယ်"
"ရတယ် ကိုယ်တစ်ဝက်သယ်သွားလိုက်မယ် ဂရုစိုက်ပြီးလာခဲ့"
အထုပ်တွေရဲ့တစ်ဝက်ကိုသယ်သွားခဲ့ သူ့ရဲ့
ဆော့ဂီက တကယ်အကြီးလေးပီသသည်။
ဆိုဂျောင်ဟွမ်နဲ့ကင်ဒိုယောင်းကတော့ နှစ်ယောက်အတူတူ သယ်ရင်း ပြုံးရွှင်ကာတံတား
ပေါ်တက်သွားသည်။"ယိုရှီကွန်..အစ်ကို အာဆာဟိနဲ့လိုက်သွားလိုက်နော် ကျွန်တော်တို့က အထုပ်သယ်ဉီးမှာမို့"
"Hai"
သူ့အထုပ်သူသယ်ကာ အာဆာဟိနဲ့အတူတံတားပေါ်တက်သွားတဲ့ ယိုရှီကွန်ကခပ်အေးအေးပင်။
"ပတ်ဂျောင်ဝူးတို့များ အားကိုးချင်အောင်လုပ်ပြနေတာ"
YOU ARE READING
𝐄𝐲𝐞𝐬 (𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝)