part-4(zawgi and uni)

22 1 0
                                    

အပြာရောင်လေးရဲ့ဘဝသို့ အဝါရောင်လေးရောက်ရှိလာပြီးနောက်...
အေးမြပြီးတောက်ပနေတဲ့ အစိမ်းရောင်လေးရော...
အားနာတတ်လွန်းတဲ့ ပန်းရောင်လေးရော...
ပြီးနောက်အသစ်အသစ်သော အရောင်လေးတွေရောရောက်လာခဲ့တော့သည်...။
–——————–——
"မေမေသားကြည့်ကောင်းလား"
"အင်း မေမေ့သားက ကြည့်ကောင်းလိုက်တာ"
"ဟီးး.."

မေမေဟာkim၏လောလောလတ်လတ်ဆေးဆိုးထားတဲ့
အပြာရောင်ဆံနွယ်လေးတွေကိုကြည့်ရင်းခပ်ဖွဖွပြုံးသည်။
kimကိုမေမေကပထမဆုံးအကြိမ်အနေနှင့်
kimကိုအပြာရောင်ဆေးဆိုးပေးခဲ့ပြီးတော့၊
လူကြီးပေါက်စလေးလို့ခေါ်ပြီးအပြာရောင်suitလေးဝတ်ပေးထားခဲ့သည်...။
ဒါဟာနောက်ဆုံးအကြိမ်မှန်း...

"သားဖေဖေလာတဲ့အချိန်ပြလိုက်ရင်သိပ်သဘောကျသွားမှာ"
"ဟုတ်မေမေ"

ခဏကြာတော့ဖေဖေ၏ကားရောက်လာခဲ့ပါသည်။
ကားပေါ်မှဖေဖေနှင့်အတူကိုကိုတစ်ယောက်ရယ် အဒေါ်ကြီးတစ်ယောက်ရယ်အတူဆင်းလာခဲ့သည်။
ထို ကိုကိုသည် မှတ်မှတ်ရရ ပန်းရောင်အင်္ကျီလေးဝတ်ထားခဲ့သည်။
မေမေသည် ထိုသူတို့ကိုတွေ့ပြီးနောက်kim၏လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လာခဲ့သည်...
ထို့နောက်မေမေဟာ ထိုကိုကိုအားခတ်ထန်တဲ့အကြည့်တွေနှင်ြ့ကည့်နေခဲ့သည်။
မေမေကပုံမှန်ဆိုရင်ဒီလိုမဟုတ်ပါဘူး...

"အိမ်တော်ထိန်းjung kimကိုခေါ်သွားပေးပါ"
"ဟုတ်ကဲ့ပါသခင်မကြီး"

kimဟာဘာမှမပြောနိုင်ခင်မှာ အိမ်တော်ထိန်းကkimကိုအပြင်သို့ခေါ်သွားခဲ့သည်။
ထိုကိုကိုအားလှမ်းကြည့်မိတော့ ထိုကိုကို၏မျက်ဝန်းထဲ၌kimမဖတ်တတ်သော အရိပ်အရောင်တချို့ဖြတ်ပြေးသွားခဲ့ပြီးတော့...
ခေါင်းငုံ့သွားခဲ့သည်...။

အားနာရပါသည်...
kim seokjin ထိုအပြာရောင်ကောင်လေးအပေါ်သိပ်ကိုအားနာရပါသည်။
မိမိ၏မိခင်လို့ပြောတဲ့အဒေါ်ကြီးနောက်သို့လိုက်လာခဲ့ခြင်းကို
ထိုကလေးအားကြည့်မိတော့ နောင်တရပါသည်...
8နှစ်...8နှစ်တိတိလုံးဝပေါ်မလာခဲ့ဘူးတဲ့ jin၏မိခင်ဆိုသူဟာ ရုတ်ချင်းရောက်လာခဲ့ပြီး ပြင်ဆင်ချိန်တောင်မရပဲ ဒီကိုခေါ်လာခံခဲ့ရတယ်။

ပင်လယ်ပြာဒိုင်ယာရီ(ပင်လယ်ပြာဒိုင်ယာရီ)Where stories live. Discover now