part-20(zawgi and uni)

15 1 0
                                    


အသက်ရှင်နေရတော့မယ့် သက်တမ်းက
သိပ်မရှိတော့တာသိနေတာကြောင့်
အသက်ရှင်နေထိုင်ရခြင်းကပိုတန်ဖိုးရှိနေခဲ့တာ။
___________________
"Teaရဲ့ရောဂါအခြေအနေကို jiminကိုပြောပြလိုက်ရမလား hyung"

"မင်းTeaအတွက်ပြောပြချင်တယ်ဆိုတာ ငါသိပါတယ် hobi ဒါပေမယ့်jimin အတွက်လည်းကြည့်ပေးရဦးမယ်လေ။
Jiminမှာတတ်လမ်း‌ေတွအများကြီးရှိတယ်
Jiminသာ teaမှာရောဂါရှိတာသိသွားရင် သူအရာအားလုံးကိုလက်လျော့ပြစ်တော့မှာ
Teaကအဲဒါကိုလိုချင်မှာမဟုတ်ဘူးလေ"

"ဒါပေမယ့်..."

"အဲဒါဘာကိုဆိုလိုတာလဲhyung?
Kimကရောဂါရှိနေတာတဲ့လား
ပြီးတော့ အဲ့ဒါကိုကျွန်တော့်ကို‌မပြောပြဘဲ လျှိ့ဝှက်ထားချင်တာလားhyung"

"Jimin!!"

"Jinhyung hobihyungနှစ်ယောက်လုံး...ကျွန်တော့်ကိုအမှန်အတိုင်းပြောပြပါ!"

သက်ပြင်းချသံဖွဖွထွက်ပေါ်လာသည်။
Jin နှင့်hobiမျက်လုံးချင်းဆုံမိသည်။
ဒီကလေးကိုဘယ်လိုပြောပြရပါ့မလဲကွယ်။

"Teaမှာ..."

မျက်ဝန်းတွေထဲမှာ မျက်ရည်တွေဝေ့သီလာခဲ့သည်။
Kimနေမကောင်းဘူး။နားထောင်ပြီးတဲ့အထိ စိတ်နဲ့ကိုယ်နဲ့ပြန်မကပ်နိုင်သေး။
ဒါတွေကိုမသိခဲ့ဘူး Jimin သည်kimရဲ့နာကျင်မှုတွေကို ဖယ်ရှားပေးမှာလို့ဟစ်ကြွေးခဲ့ပေမဲ့ လက်တွေ့မှာ ဘာမှမသိခဲ့တဲ့လူတစ်ယောက်ဖြစ်နေခဲ့တယ်။

အစိမ်းရောင်လေးသည် ထိုစကားတွေကို ခံနိုင်ရည်မရှိ‌တာကြောင့် ထထွက်ခဲ့သည်။
အရင်သိခဲ့ရချိန်ကလည်း အစိမ်ရောင်လည်း
နာကျင်ခဲ့တယ်။
ယခု ရွှေဝါရောင်လေး ငိုတော့ အစိမ်ရောင်လေး ပြိုလဲတယ်။
ဒီကလေးနှစ်ယောက် အပြစ်ကင်းလွန်းတဲ့ ကလေးငယ်‌ေတွကိုမှ ကံကြမာက ဒဏ်ခတ်တယ်။

"Kim နေမကောင်းနေတာကိုမသိခဲ့ဘူး ကျွန်တော်လေ..."

"မငိုပါနဲ့Jiminရယ် hyungတောင်းပန်ပါတယ်"

နူးညံ့မှုတွေကိုကိုယ်စားပြုသူမို့
တစ်ခုခုဆို အဆင်မပြေနေခဲ့ပါ။
ရွှေဝါရောင်လေးကို အချစ်ပိုခဲ့သူမို့
မျက်ရည်တွေကိုမြင်တဲ့အခါ
တောင်းပန်စကားတွေပဲပြောထွက်တယ်။
အရာရာမှာ ပန်းရောင်လေးသည်
သူ့အမှားပဲဟု တစ်ထစ်ချ
တွက်ယူခဲ့သည်လေ...။

ပင္လယ္ျပာဒိုင္ယာရီ(ပင်လယ်ပြာဒိုင်ယာရီ)Donde viven las historias. Descúbrelo ahora