ဝက်ပေါက်ကပိုအရသာရှိတယ်...

3.9K 144 27
                                    

Uni..

"အရမ်းပဲ လွမ်းတယ်ကိုကို..."

တစ်ဖက်ဖုန်းထဲက ညုတုတုအသံလေးကြောင့် ရှောင်ကျန့် ဇာတ်ညွှန်းဖတ်နေရင်း ခွေးပေါက်လေးလို ချွဲနေတဲ့ ဝမ်ပူတူးလေးကို ချက်ချင်းပင် ပြေးတွေ့ချင်စိတ်ပေါက်လာတော့သည်။

ရုပ်ရှင်မင်းသားနှစ်ယောက်ဖြစ်သည့်အလျောက် နှစ်ယောက်သားက အနေအထိုင်ဆင်ခြင်ရသလို အမူအယာတွေကိုလည်း အမြဲထိန်းနေရသည်။

တစ်မြို့ထဲမှာ အတူရှိနေပါလျှင် ဝမ်ရိပေါ်ကလေးကို ဘယ်နည်းနဲ့ဖြစ်ဖြစ် အပြေးတွေ့မှာဖြစ်ပေမယ့် ယခုတော့ ဝမ်ပူတူးကလေးက စစ်သားဆိုတဲ့ကာရိုက်တာကြောင့် အခြားနယ်ဘက်သွားကာ ဇာတ်လမ်းရိုက်နေတာဖြစ်နေတာမို့ ပြေးတွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ပေ။

သူကလည်း ဝမ်ပူတူးကလေးနဲ့ထပ်တူထပ်မျှ လွမ်းနေရပါသည်။

"ကိုယ်ကပိုလွမ်းတာပေါ့ ပူတူးလေးရဲ့...နောက်ပြီး ကိုယ့်အိပ်ရာကြီးကလည်း ဝမ်ပူတူးလေးကိုအရမ်းလွမ်းနေပါပြီတဲ့..."

"ကိုကိုနော် အမြဲအဲ့တာပဲတွေးနေတာလား..."

ငြူစူစူလေးပြောလာတဲ့ ဝမ်ရိပေါ်ကလေးကြောင့် ရှောင်ကျန့်သဘောတကျ ပြုံးလိုက်မိသည်။

"အရမ်းချစ်လွန်းလို့ ကိုယ့်ရဲ့ဆန္ဒတွေကအမြဲထိုးထောင်နေတာလေ...
အခု ပူတူးက စစ်သားဆိုတော့ ခန္ဓာကိုယ်ကိုfitဖြစ်အောင် လေ့ကျင့်နေရတယ်မလား..."

"အွန်း ဟုတ်တယ်ကိုကို..."

အရမ်းပင်ပန်းတာပဲလို့ ချွဲမယ်ဆိုပြီး စဥ်းစားထားတဲ့ဝမ်ရိပေါ်ရဲ့အကြံဟာ ကိုကိုပြောလာတဲ့စကားကြောင့် သွေးအန်ချင်စိတ်တောင်ပေါက်လာတော့သည်။

ကိုကိုပြောလာတဲ့စကား​ဟာ...

"ကလေးရဲ့ခန္ဓာကိုယ်ကအရင်ကထက် ကြံ့ခိုင်လာတော့ ကိုယ့်ရဲ့အချစ်ကြမ်းမှုကို ပိုခံနိုင်တာပေါ့"တဲ့...

တကယ်ကို ကိုကိုကနှာဗူးအကြီးစားကြီးပါ...
ကင်မရာတွေရှေ့မှာဆို အရှက်သည်းတတ်တဲ့ကိုကိုက သူနဲ့ဆိုလျှင် အမြဲအရှက်မဲ့တဲ့စကားတွေကို ပြောတတ်ပါသည်။

_Soulmate of Mr.Xiao_Where stories live. Discover now