_Soulmate of Mr.Xiao_ [zaw]

5K 69 2
                                    

Warning - Smut Mature 18+...
So read at your own risk!!!

အမှောင်ပိန်းပိန်းကျနေပြီး လိုအပ်တဲ့စလိုက်မီးလေးတွေသာ ထွန်းလင်းနေတဲ့ စတိတ်စင်တစ်ခု။
ထိုစင်ပေါ်မှာ တည်ရှိနေတဲ့ လူသားလေးတစ်ဦး။

လက်ပြတ်အဖြူလေးကို အပေါ်ကပွယောင်းယောင်း ရှပ်အင်္ကျီအဖြူလေးအား ထပ်ဝတ်ထားကာ အမဲဘောင်းဘီရှည်အပွနဲ့ တွဲစပ်လို့ ဝတ်ထားတဲ့ လူသားလေး။

အခြားသူတွေအတွက် ထိုလိုဝတ်စားလျှင်ကြည့်ရဆိုးနိုင်ပေမဲ့ ထိုလူသားလေးအတွက်ကတော့ နို့နှစ်ရောင်အသားလေးကို ပိုမိုပေါ်လွင်စေကာ ပို၍ပင်လှပမှုကို အားပေးနေသယောင်။

တီးလုံးသံစလာတာနဲ့ လေယူလေသိမ်းအတိုင်း ယိမ်းနွဲ့ကာ ကနေတဲ့ထိုလူသားလေးက သီချင်းထဲမှာစိတ်နှစ်လို့ထားကာ ခံစားချက်လေးတွေကိုလည်း ထုတ်ပြလို့နေတယ်။

သီချင်းထဲမှာစီးမြောကာ ဝါးပင်လေးလို ယိမ်းနွဲ့ကနေတဲ့ လူသားလေးဟာ အကြည့်လွဲချင်စရာမရှိအောင်ကို လှပလို့နေတယ်။

မျက်ရည်လေးတွေဝဲသည်အထိ ကိုယ်တိုင်သီချင်းထဲစိတ်နှစ်ကာ ကနေတဲ့ ထိုလူသားလေးကြောင့် မြင်နေရသူတွေအဖို့ပါ မျက်ရည်ဝဲစေပြန်တယ်။

ထိုလိုမျိုး လူတွေကို မျက်ရည်ဝဲစေသည်အထိစွမ်းဆောင်နိုင်တာဟာ X cityမှာ တစ်ဦးထဲသာရှိတဲ့ အနုပညာရှင် ဝမ်။

အကဘုရင်လို့တင်စားလောက်တဲ့အထိ မကနိုင်တဲ့အကမရှိသလို သရုပ်ဆောင်အရာမှာလည်း သူတကာထက် ထူးချွန်လွန်းသည်။
ဝမ်ဆိုတဲ့ အနုပညာရှင်လေးဟာ ဝမ်ရိပေါ်ဆိုတဲ့ နာမည်အရင်းထက် ဝမ်ဆိုပြီးသာ လူအများကို သိစေခဲ့တယ်။

ဝမ်ဆိုတဲ့အတိုင်း အလှအပ၊အက၊သရုပ်ဆောင်အရာမှာ လူတကာထက်သာလွန်တဲ့ လူသားလေးကို ချစ်တဲ့သူတွေများသလို ပိုင်ဆိုင်လိုတဲ့သူတွေဟာလည်း အများအပြား။

သို့ပေမဲ့ ဝမ်ဆိုတဲ့လူသားလေးဟာ အိမ်ထောင်ရှိတဲ့အတွက်ကြောင့် ပိုင်ဆိုင်လိုတဲ့သူတွေဟာ အမြဲ နောက်ဆုတ်ခဲ့ရစမြဲ။

တစ်ချို့က သာသာကြည်ကြည်နဲ့ နောက်ဆုတ်ကောင်းဆုတ်နိုင်ပေမဲ့ တစ်ချို့ကတော့ လွယ်လွယ် လက်လျော့မယ်လို့တော့မထင်မိ။

_Soulmate of Mr.Xiao_Where stories live. Discover now