Uni....
Weibo၊ Twitter၊ Tiktok၊ Facebook အစရှိတဲ့ ဆိုရှယ်မီဒီယာတွေမှာ Trendဖြစ်နေတဲ့ သတင်းကတော့ Top-1 သရုပ်ဆောင် Xiao Zhanနဲ့ ယောကျ်ားလေး၊မိန်းကလေးတိုင်းရဲ့အသဲစွဲ သရုပ်ဆောင်Wang Yi Boတို့ နှစ်ယောက်လုံး Weibo Night Eventကို တက်ရောက်မည့် အကြောင်းချည်းသာ...
ရှောင်ကျန့်နဲ့ရိပေါ်ကို shipပေးနေကြတဲ့ လူအများကတော့ အတိုင်းမသိဝမ်းသာပျော်ရွှင်လျက်...
_____________________________________
*တီ တီ တီ...*
ရိပေါ်weibo nightအတွက် စီစဥ်ထားတဲ့ဝတ်စုံကိုကြည့်နေရင်း ဖုန်းလာတာကြောင့် ဝတ်စုံကိုချပြီး ဖုန်းကိုင်ဖို့ပြင်လိုက်လေသည်။
"ဟယ်လို ဘေဘီ ဝတ်စုံရောက်ပြီလား"
ဖုန်းကိုင်ကိုင်ချင်း နားစည်ထဲကို ချိုသာတဲ့ အသံသြရှရှက အရင်ဆုံးတိုးဝင်လာခဲ့တယ်...
ထိုအသံဟာ သူ့ရဲ့ချစ်သူ ရှောင်ကျန့်ကလွဲမည်သူမျှ မဖြစ်နိုင်..."ရောက်ပြီကိုကို ကျွန်တော့်ခရေစီအရောင် အမဲလေး...
ကိုကို့ဆီရော ရောက်လာပြီလား"" ကိုယ်ကရွှေရောင်လေး ရောက်လာပြီ "
ဘေဘီရဲ့ ဝမ်းသာအားရပြောတဲ့အသံကြောင့် ရှောင်ကျန့်လည်းလိုက်ပြုံးမိသည်။
ဝတ်စုံတွေကြည့်တုန်းက အမဲပဲယူမယ်လို့ပြောတဲ့ဘေဘီကြောင့် ဘေဘီ့အလိုကျအမဲဝတ်စုံကိုပေးလိုက်ရသည်။
သူကတော့ ရွှေဝါရောင်အဖျော့လေးပင်..."အဟိ ကိုကိုသိလား Weibo Nightကျရင် ကိုကိုကသတိုးသမီးလေးဖြစ်ပြီး ကျွန်တော်ကတော့သတိုးသားလေးဖြစ်မှာ"
ရုတ်တရက်ထပြောတဲ့ဘေဘီကြောင့် ရှောင်ကျန့်မှာကြောင်သွားရသည်။
"ဘာလို့လဲ ဘေဘီရဲ့"
"ကိုကိုပဲစဥ်းစားကြည့်လေ ကျွန်တော်ကအမဲဝတ်စုံ ကိုကိုကတော့ သတိုးသမီးအရောင် သရွှေဝါရောင်ဝတ်စုံနဲ့ အဲ့ကြောင့် ကိုကိုက ကျွန်တော့်သတိုးသမီးလေး"
"အဟက် ဟုတ်ပါပြီ ကိုယ့်ရဲ့ဘေဘီသတိုးသားလေးရယ် ဒါဆို ဘေဘီကအကြံနဲ့အမဲဝတ်စုံကိုယူတာပေါ့"

YOU ARE READING
_Soulmate of Mr.Xiao_
Fanfictionမင်းတို့သိပ်သဘောကျတဲ့ဝမ်က ဘယ်သူ့အပိုင်လို့ထင်သလဲ?🔞 ZSWW... Smut Mature.... မင်းတို့သိပ်သဘောကျတဲ့ဝမ်က ဘယ်သူ့အပိုင်လို့ထင်သလဲ?🔞 ZSWW... Smut Mature....