Arc 1

984 36 2
                                    

[အသင့်ဖြစ်ပြီလား]

ချီကျောင် စိတ်အားတက်ကြွစွာပဲ ခေါင်းငြိမ့်လိုက်တယ် "အသင့်ပဲ"

အချက်ပေးသံအကျယ်ကြီး စတင်ရေတွက်တော့တယ် system တစ်ကိုရေတွက်ပြီးနောက် ချီကျောင့်မျက်လုံးရှေ့မှာ အဖြူရောင်အလင်းတန်းကြီးကိုရုတ်တရက်တွေ့လိုက်ရပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကောင်းကင်နဲ့မြေကြီးကို ဖြတ်သန်းသွားလိုက်ရသလို ခံစားလိုက်ရတယ် မျက်လုံးမဖွင့်ခင်ပဲ ချီကျောင် ဗိုက်ထဲက ပြင်းထန်တဲ့ယိုစီးမှုတစ်ခုခုကိုခံစားလိုက်ရတယ်

systemက သူ့ကို အိမ်သာဘယ်မှာရှိလဲဆိုတာမြန်မြန် ပြောပြလာတယ်

အိမ်သာထဲမှာ အစာအိမ်ထဲဘာမှမကျန်တော့အောင်ကို ချီကျောင် တစ်ယောက်အန်ထုတ်နေတော့တယ် နေ့တစ်ဝက်လောက် ကြာပြီးသွားတဲ့နောက် ချီကျောင် နောက်ဆုံးမှာ စကားပြောထွက်လာတယ်

"ဘာလို့ ကမ္ဘာကူးပြောင်းတာက သက်တောင့်သက်သာမရှိရတာလဲ"

[ပထမဆုံးအကြိမ်မှာ သက်တောင့်သက်သာမရှိဘူးဆိုတာက ပုံမှန်ပဲပါ နောက်ပိုင်းတော့ အဆင်ပြေလာမှာပါ]

[ဒီမှာ မင်းကူးပြောင်းလိုက်တဲ့ကမ္ဘာရဲ့အချက်အလက်တွေပဲ သေချာဖတ်ပြီး ဇာတ်လမ်းအတိုင်း သေချာလုပ်ဆောင်ပါ]

ချီကျောင်က မပီမသ ပွစိပွစိလုပ်​​ပြီး အိမ်သာဘေးမှာ လှဲချကာ မျက်လုံးမှိတ်ပြီး system ပို့လိုက်တဲ့ အချက်အလက်တွေကို စကြည့်လိုက်တယ်

systemရဲ့နာမည်အပြည့်စုံက ပေါ့ပျက်ပျက်လုပ်ရအောင်system ပဲ

(t/n: ပေါ့ပျက်ပျက်ဆိုတာက သူက slag မိန်းမပျက်လိုမျိုး သုံးထားတာပါ )

သူအထီးကျန်ဝိဉာဥ်လေးဖြစ်နေတုန်းက သူက systemနဲ့ချိတ်မိသွားဖို့ အစတည်းကစီစဥ်ထားခဲ့တာမဟုတ်ဘူး သူတစ်ရက်မှာသေသွားတယ် တက်တက်ကြွကြွနဲ့ ပြန်လည်မွေးဖွားမဲ့နေရာကို သွားရှာရတော့မလို အလင်းတန်းတစ်ခုက သူ့ကိုလာခေါ်တာကိုပဲစောင့်နေရတော့မလို ဖြစ်နေတုန်း systemရောက်လာတယ်

စာချုပ်တစ်ခုသဘောမျိုးပဲ ချီကျောင်က systemနဲ့ချိတ်ဆက်သွားပြီး ကမ္ဘာတွေမှာ အပျက်ကောင်လေး နေရာကနေ ဝင်ပါပြီး အမှတ်တွေယူရမယ် သူကမ္ဘာတစ်ခု အောင်မြင်ခဲ့မယ်ဆိုရင် ၁၀မှတ်ရရှိပြီး အမှတ်၁၀၀ထိ စုဆောင်းပြီးသွားရင် ပြန်လည်ရှင်သန်ခွင့်ရစေမဲ့ ဆေးရည်တစ်ပုလင်းနဲ့လဲလှယ်ခွင့်ရမှာဖြစ်တယ်

I really am a Slag Shou (Myanmar Translation) Où les histoires vivent. Découvrez maintenant