📒: J (Unicode)

607 38 0
                                    

နှစ်တစ်ခုရဲ့ Julyဟာ စတင်ရင်းနှီးမှု
သို့သော် ဒီ July ကခွဲခွါခြင်း

"ရှန်ငယ်"
"..."
"ရှန်ငယ်"
ခပ်တိုးတိုးခေါ်သံအား နာမည်ပိုင်ရှင်ဟာ လျစ်လျှူရှူဆဲ...
"ရှန်ငယ်"
"အင်း ပြော" မျက်လုံးအကြည့်တို့သည် ထယ်ရယ်ထံတွင်မရှိပါ... အသံဟာ အေးစက်စက်...

"ငါ..."
စကားဆက်မပြောသူအား မျက်လုံးအကြည့်တစ်ချက်ပို့ရင်း ဆက်ပြောလေဟူသော မျက်နှာထားဖြင့် ရစ်ခီရှန်ကြည့်လိုက်သည်။
"ငါ USကို သွားတော့မယ်" စကားအဆုံးတွင် မိုးစက်တို့ စတင်ရွာသွန်းလာသည်။ တစ,တစ များပြားလာသော မိုးစက်တွေအောက်နှစ်ဦးသား စကားထပ်မဆက်မိသလို ထိုကဲ့သို့ရပ်မိနေဆဲ....

သို့ပင်သိ အေးစက်စက် ဆံပင်ငွေမျှင်ရောင်လေးသည် စတင်ပြီး ကင်မ်ထယ်ရယ့် အနားက ရွေ့လျားသွားသည်..။
ဒီလို တုန့်ပြန်ချက်တွေက... လွန်ခဲ့တဲ့ နှစ်ရက်၊ ထယ်ရယ့်မွေးနေ့မရောက်ခင် နာရီပိုင်းအလိုက စတော်ဘယ်ရီ မစ်ရှိန်ရောင် ဒိုင်ယာရီလေးက စခဲ့သည်။
Julyလဟာ ရှေ့နှစ်ကလို မချိုမြတော့ပါဘူး
မိုးစက်တွေကို ဒီတခါတော့ မုန်းပါရစေတော့....

ကင်မ်ထယ်ရယ် ထိုနားက မရွေ့မိသေးပါ...
ကန်ရေပြင်ကို မျက်နှာမူရင်း မျက်ရည်သည်လော... မိုးစက်တွေလော မသဲကွဲတဲ့ အရည်ကြည်တွေဟာ မျက်နှာ အနှံ့ပါလေ...
ဘယ်နှ,နှစ်လောက်ထိများ ဒီလိုတွေကြုံနေရအုန်းမှာလဲ ကင်မ်ထယ်ရယ်မတွေးနိုင်ပါလေ... 3နှစ်တာလုံး သိမ်းဆည်းထားတဲ့မေတ္တာတွေရယ်၊ ခြေနင်းခံလိုက်ရသည့် နှလုံးသားတစ်ခုလုံးဟာလည်း အသဲခိုက်မတတ် နာကျင်ခဲ့လေသည်။

အချိန်အတော်ကြာ ဟန်မြစ်ကမ်းဘေးမှာ ရပ်ကာ ငိုကြွေးခဲ့ပါသည်... အတွေးစတွေ ပြန့်ကြဲစွာ အိမ်သို့ရောက်လျှင် ရောက်ချင်း ဒိုင်ယာရီအား အစက ပြန်ရေးဆွဲမယ်ထပ်...

"ဒီမှာ အဆုံးသတ်ပြီး ငါ မင်းဆီက ပြေးထွက်ပါရစေရှန်ငယ်"
------------------------------------🦋--------------------------------------

Diary ရဲ့ အဦးအစ လှလှလေးဟာ "ရှန်"
အတိတ်ရဲ့ July နေ့စွဲများ...

JULY DIARY (ShenTaerae)Kde žijí příběhy. Začni objevovat