📒: J (Zawgyi)

155 1 0
                                    

နှစ်တစ်ခုရဲ့ Julyဟာ စတင်ရင်းနှီးမှု
သို့သော် ဒီ July ကခွဲခွါခြင်း

"ရှန်ငယ်"
"..."
"ရှန်ငယ်"
ခပ်တိုးတိုးခေါ်သံအား နာမည်ပိုင်ရှင်ဟာ လျစ်လျှူရှူဆဲ...
"ရှန်ငယ်"
"အင်း ပြော" မျက်လုံးအကြည့်တို့သည် ထယ်ရယ်ထံတွင်မရှိပါ... အသံဟာ အေးစက်စက်...

"ငါ..."
စကားဆက်မပြောသူအား မျက်လုံးအကြည့်တစ်ချက်ပို့ရင်း ဆက်ပြောလေဟူသော မျက်နှာထားဖြင့် ရစ်ခီရှန်ကြည့်လိုက်သည်။
"ငါ USကို သွားတော့မယ်" စကားအဆုံးတွင် မိုးစက်တို့ စတင်ရွာသွန်းလာသည်။ တစ,တစ များပြားလာသော မိုးစက်တွေအောက်နှစ်ဦးသား စကားထပ်မဆက်မိသလို ထိုကဲ့သို့ရပ်မိနေဆဲ....

သို့ပင်သိ အေးစက်စက် ဆံပင်ငွေမျှင်ရောင် ပိုင်ရှင်ငယ်က စတင်ပြီး ကင်မ်ထယ်ရယ့် အနားက ရွေ့လျားသွားသည်..။
ဒီလို တုန့်ပြန်ချက်တွေက... လွန်ခဲ့တဲ့ နှစ်ရက်၊ ထယ်ရယ့်မွေးနေ့မရောက်ခင် နာရီပိုင်းအလိုက စတော်ဘယ်ရီ မစ်ရှိန်ရောင် ဒိုင်ယာရီလေးက စခဲ့သည်။
Julyလဟာ ရှေ့နှစ်ကလို မချိုမြတော့ပါဘူး
မိုးစက်တွေကို ဒီတခါတော့ မုန်းပါရစေတော့....

ကင်မ်ထယ်ရယ် ထိုနားက မရွေ့မိသေးပါ...
ကန်ရေပြင်ကို မျက်နှာမူရင်း မျက်ရည်သည်လော... မိုးစက်တွေလော မသဲကွဲတဲ့ အရည်ကြည်တွေဟာ မျက်နှာ အနှံ့ပါလေ...
ဘယ်နှ,နှစ်လောက်ထိများ ဒီလိုတွေကြုံနေရအုန်းမှာလဲ ကင်မ်ထယ်ရယ်မတွေးနိုင်ပါလေ... 3နှစ်တာလုံး သိမ်းဆည်းထားတဲ့မေတ္တာတွေရယ်၊ ခြေနင်းခံလိုက်ရသည့် နှလုံးသားတစ်ခုလုံးဟာလည်း အသဲခိုက်မတတ် နာကျင်ခဲ့လေသည်။

အချိန်အတော်ကြာ ဟန်မြစ်ကမ်းဘေးမှာ ရပ်ကာ ငိုကြွေးခဲ့ပါသည်... အတွေးစတွေ ပြန့်ကြဲစွာ အိမ်သို့ရောက်လျှင် ရောက်ချင်း ဒိုင်ယာရီအား အစက ပြန်ရေးဆွဲမယ်ထပ်...

"ဒီမှာ အဆုံးသတ်ပြီး ငါ မင်းဆီက ပြေးထွက်ပါရစေရှန်ငယ်"

---------------------------------🦋-------------------------------------------

Diary ရဲ့ အဦးအစ လှလှလေးဟာ "ရှန်"
အတိတ်ရဲ့ July နေ့စွဲများ...

14 July 2019 -

မိုးစက်လေးတွေက တဖွဲဖွဲ ကြွေဆင်းနေသည်... ဒုတိယနှစ်ဆေးကျောင်းသားလေး ကင်မ်ထယ်ရယ်တစ်ယောက် တက္ကသိုလ်သွားရန် ဘတ်စကား မှတ်တိုင်တွင် ကားစောင့်နေစဉ်က ဒီဒိုင်ယာရီရဲ့အစ....

များမကြာခင် ရွှေဝါရောင် ဆံပင်လေးတွေနဲ့ ခပ်လှလှ မျက်နှာကျလေးနဲ့ အထက်တန်းကျောင်းသားလေးက စတော်ဘယ်ရီမစ်ရှိတ်လေးနဲ့ Bus stop ရဲ့ အမိုး တံစက်မြိတ်အောက်သို့ အပြေးဝင်လာခဲ့တာကတော့ ဒိုင်ယာရီပိုင်ရှင်လေးရဲ့ ပုံပြင်ငယ် အစတွေပင်....

ပြုံးပြခြင်းအလျင်းမရှိတဲ့ ကောင်လေးဟာ ထိုနှစ်မွေးနေ့လေးမှာတော့ ကင်မ်ထယ်ရယ် ဦးနှောက်ထဲနေရာယူခဲ့သည်...
အပြန်လမ်းတွင် ဝယ်ခဲ့တဲ့ စတော်ဘယ်ရီမစ်ရှိန်အရောင် ဒိုင်ယာရီလှလှလေးကြား လက်ရေးဝိုင်းဝိုင်းလေးတွေနဲ့ မိုးစက်ကြားက ရွှေဝါရောင်လေးအကြောင်း အစချီမိခဲ့သည်...

ထိုသို့...ထို့သို့ ကြားရက်တွေမှာ အလွမ်းဒိုင်ယာရီလေးတစ်ဖြစ်ပေါ့ နေ့စဉ် ဘတ်စကားမှတ်တိုင်အောက် ကင်မ်ထယ်ရယ်စောင့်ခဲ့ပါသည် သို့သော် ထိုနေ့ကစ၍ ထိုသူလေးက မိုးပြေးလေး အလား....

ဒုတိယ အကြိမ်တွေ့ဆုံခြင်း (သို့) အိမ်နီးချင်း လှလှလေး

July လဝက်ရဲ့ တစ်ရက် အတိအကျဆိုသော်
20 July 2019

ကင်မ်ထယ်ရယ်တစ်ယောက် အမေ့ရဲ့ စေ့ဆော်မှုနဲ့ အိမ်နီးချင်းလှလှလေးကိုတွေ့ခဲ့ရသည်
တစ်နည်း သူ့ရဲ့ ဒိုင်ယာရီပိုင်ရှင်...မိုးစက်ငယ်ကြားက စတော်ဘယ်ရီ မစ်ရှိန်လေး...
မှတ်မိပုံတွေ မရတဲ့ သူကို ကင်မ်ထယ်ရယ် အပြုံးတွေဖောဖောသီသီနဲ့ နွေးခဲ့သည်...

"ရစ်ခီရှန်ပါ၊ နာမည်အရင်းကတော့ ရှန်ချွမ်ရွေ့ အထက်တန်းနောက်ဆုံးနှစ်တတ်နေတာ" အပြုံးအရယ်နည်းတဲ့ ကလေးလေးက သူ့ထပ် နှစ်,နှစ်တောင် ငယ်ပါရဲ့...
"ဟျောင်းက မင်းထပ် နှစ်,နှစ်ကြီးတယ် ရှန်ငယ်"
ရှန်ငယ်ဆိုတဲ့ အခေါ်အဝေါ်အောက် ထိုကလေး မျက်လွှာလေး ချသွားသည်က ရှက်သွားဟန်ပင်...
"ကင်မ်ထယ်ရယ် လို့ခေါ်ပါတယ်"

ထိုသို့ ရိုးရိုးရှင်းရှင်း မိတ်ဆက်မှုလေးတွေက ဒိုင်ယာရီရဲ့ အလှဆုံးလေးတွေပါပဲ...
ထိုနှင့် အိမ်နီးချင်းလေးနဲ့ သူ့ရဲ့ ခင်မင်မှုဟာ တစ,တစ ကြီးမားလာခဲ့သလို ဒိုင်ယာရီမှာလည်း စာမျက်နှာတွေ များလာခဲ့သည်...
"ထယ်ရယ်" အစချီတဲ့ နေ့ရက်တွေရယ်
"ရှန်ငယ်" ဆိုတဲ့ ဦးတည်နာမ်စားတွေဟာ ဒိုင်ယာရီမှာအပြည့်...

"Tae Rae ah" ဆိုပြီး ခပ်ချွဲချွဲအချိန်ငယ်တွေ၊ "ကျွန်တော်က ထယ်ရယ်လို ဆေးကျောင်းတက်မှာ" ဆိုတာလေးတွေကတော့ ဒိုင်ယာရီရဲ့ အပိုင်းအခြားငယ်တွေ...
ရစ်ခီရဲ့ ရှက်ပြုံးလှလှလေးတွေကတော့ သုံးနှစ်တာရဲ့ ကင်မ်ထယ်ရယ့်အတွက် နွေးထွေးခြင်းတွေ....

JULY DIARY (ShenTaerae)Onde histórias criam vida. Descubra agora