📒: U (Unicode)

227 31 0
                                    

July 14 ရဲ့ အမှတ်တရ တမ်းချင်းငယ်
ဒိုင်ယာရီအငွေ့အသက်ရဲ့ အပိုင်းအစတွေ...

2019 ရဲ့ July 14မှာ ကင်မ်ထယ်ရယ့် နှလုံးသားကို အသာလေး အပိုင်သိမ်းခဲ့တဲ့ ထိုလူသားကိုတွေ့ခဲ့တာ မွေးနေ့လက်ဆောင်ဆိုပါလျှင်...

14 July 2020

"ထယ်ရယ်" အစချီ Birthday wish လှလှလေးဟာ ထယ်ရယ်ဆီသို့ 12နာရီ အတိအကျတွင်ရောက်လာခဲ့သည်။
အချိန်မဆိုင်း ထွက်ပေါ်လာတဲ့ အခန်းတံခါးခေါက်သံဟာ နှစ်ချက်တိတိ...
မမျှော်လင့်ထားသော မျက်နှာလှလှလေးဟာ အခန်းဝတွင် မီးထွန်းထားတဲ့ ကိတ်လှလှလေးဖြင့်...
အံ့ဩမှုဟာ ညသန်းခေါင်တွင်၊ ရင်ခုန်နှုန်းဟာ နှလုံးသားထဲ လိပ်ပြာလေးတွေ ထောင်ပေါင်းများစွာ ပျံဝဲနေသည်အလား

"Happy Birthday pr Kim Tae Rae shii
မွေးနေ့မှာ ပျော်ရွှင်ပါစေနော်"
"..."
"အင်း ကျွန်တော့်ကိုလည်း ပိုချစ်နော်" ရုတ်တရက် ဆောင့်ကာခုန်နှုန်းမြန်လာသော နှလုံးသား အသံအား ကင်မ်ထယ်ရယ်, ရစ်ခီကြားသွားမှာ စိတ်ပူမိသည့်အထိ..

"ညောင်းနေပြီဗျ အံ့ဩမနေဘဲ မီးမှုတ်တော့လေ ကျွန်တော်လည်း အခန်းထဲခေါ်ပါအုန်း ခင်ဗျားရ"
ဟုတ်တော့လည်း ဟုတ်ပါသည်.... စိတ်တွေနဲ့လူတွေဟာ ကပ်မနေချေ... တကယ်ပါပဲ ဒိုင်ယာရီတွေထဲ ရေးစရာ လှလှတွေတိုးလာချေပြီ...

တစ်ညလုံး ရစ်ခီဟာ ထယ်ရယ်နဲ့အတူ ရှိပေးခဲ့ပါတယ်... ကြယ်လှလှလေးတွေကို ရေတွက်ရင်း တစ်နှစ်တာအကြောင်းအစပြုရင်း မိုးရေထဲက စတော်ဘယ်ရီမစ်ရှိန်လေး အကြောင်းပြောပြတဲ့အခါများတွင်တော့ မျက်လုံးလေး ဝိုင်းကာ ခနအကြာမှ မျက်လွှာလေး ချရင်း စကားလမ်းကြောင်းတွေလွှဲခဲ့သေးသည်..။

ဒိုင်ယာရီလေးမှာ Birthday wish ထားတဲ့စာလေးရယ် ဒီနှစ်က ထယ်ရယ့်အတွက်ဆိုတဲ့ လက်ရေးစာလေးနဲ့ အဝါရောင်ဆွယ်တာလေးက နေရာယူခဲ့တယ်။
ပိုလာရွိုက်လေးတွေအဖြစ် သိမ်းဆည်းထားခြင်းတွေဟာ သေသေသပ်သပ်လေးပင်...

တစ်ခုလေးပါပဲ "အိပ်ပျော်နေတဲ့ ရှန်ငယ့်နဖူးလေးကို ကိုကို ဖွဖွလေး ခိုးနမ်းခဲ့ပါတယ်" ဆိုတာလေးပါပဲ...

JULY DIARY (ShenTaerae)Tempat cerita menjadi hidup. Temukan sekarang